Pages

Wednesday, October 24, 2012

ကော်စတာရီကာတွင် ရစ်ခ်ျတာစကေး ၆.၆ အဆင့် ပြင်းအားရှိ ငလျင်လှုပ်ခတ်


ကော်စတာရီကာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၆.၆)အဆင့် ပြင်းအားရှိသော ငလျင်တစ်ခုအင်္ဂါနေ့က လှုပ်ရှား
သွားကြောင်း သိရသည်။ ငလျင်၏ အရှိန်ကြောင့် ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော ကမ်းခြေ ဒေသများ
တွင် ဆောက်လုပ်ထားသော အိမ်ခြေတိုက်တာများယိမ်းယိုင်ကုန်သလိုလူပေါင်းများစွာတို့သည် နေအိမ်များ
ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။


ကော်စတာရီကာ အစိုးရက လတ်တလောတွင် ငလျင်နှင့် ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှု သ
တင်းအတိအကျ မရရှိသေးကြောင်း ဆိုသည်။


အမေရိကန် ငလျင်တိုင်းတာရေး ဌာနက ယခုငလျင်သည် ဗဟိုအမေရိကတိုက် ဒေသရှိ နိုင်ငံ၏ မြို့တော်လီ
ဘာရီရာမှ (၃၈)မိုင်အကွာ ရေမျက်နှာပြင်အောက်(၂၄.၅)မိုင်ကိုဗဟိုပြုလှုပ်ရှားသွားကြောင်း ဖော်ပြခဲ့သည်။ 

ငလျင်အတွင်း ထိခိုက်မှုများ ရှိနိုင်သော်လည်း ဆိုးရွားသည့် အသေအပျောက် ပမာဏမျိုး မရှိဟု ဒေသတွင်း သတင်းဌာနများက ခန့်မှန်း ပြောကြားခဲ့သည်။ ကော်စတာရီကာ အစိုးရက ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ၏ အစီရင်ခံစာကို စောင့်ဆိုင်းနေဆဲဟု ဆိုသည်။ 

အဆိုပါ ဒေသသည် အင်အားပြင်းထန်သော ငလျင်များနှင့် ကြုံတွေ့ခဲ့ရဖူးပြီး စက်တင်ဘာလကလည်း ရစ်ခ်ျ
တာစကေး (၇.၆)ရှိသော ငလျင်ကြီးတစ်ခု ယင်းကမ်းခြေအနီးတွင်ပင် လှုပ်ရှားခဲ့ရာ အိမ်ခြေအချို့ ပျက်စီးခဲ့
သည်။

Ref: by: FoxNews

0 comments:

Post a Comment

 
world time