Pages

Monday, October 15, 2012

ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်

http://sphotos-h.ak.fbcdn.net/hphotos-ak-prn1/525598_480236675350309_1751500823_n.jpg

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး ပခုက္ကူမြို့တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဆန္ဒထုတ်ဖော်   ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀ ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ်စာသင်တိုက်သို့ ရောက်ရှိချိန်၌အဆိုပါ စာသင်တိုက်မှ သံဃာ အပါး၃၀၀ ခန့်က ထပ်မံပူးပေါင်းခဲ့ပြီး
 ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ရန်ကုန်မြို့တွင် ယနေ့၌ ဆန္ဒ ဖော်ထုတ်တော့မည် မဟုတ်ကြောင်း ဆန္ဒ ဖော်ထုတ်မည့် လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော် အရှင်ဦးခေမာစာရထံမှ သိရှိရသည်။

သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်ပြုမည့် အရေးနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment

 
world time