Pages

Monday, October 15, 2012

ပဲရစ်မြို့တွင် ဗုံးပြုလုပ်သည့် ပစ္စည်းများ ရဲတပ်ဖွဲ့ရှာဖွေတွေ့ရှိ

ပြင်သစ် ရဲတပ်ဖွဲ့သည်  ပြီးခဲ့သည့် သီတင်းပတ် အကုန်က ဖမ်းဆီး ရမိ ခဲ့သော အစ္စလာမ်မစ် အစွန်းရောက် ဝါဒီ များကို စုံစမ်း စစ်ဆေး မှု ပြုလုပ်နေစဉ် အတွင်း ဗုံး ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်း ကိရိယာ များကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်းအစိုးရ ရှေ့နေ တစ်ဦး က  ပြောကြား ထားသည်။
ရဲတပ်ဖွဲ့သည်  ဗုံး ပြုလုပ် ရာတွင် အသုံး ပြုသည့်  ဓာတုဗေဒ ပစ္စည်းများနှင့် လက်နက် များကို ပဲရစ်မြို့ တော်စီ ဆင်ခြေဖုန်း ရပ်ကွက်ရှိ ကားဂိုဒေါင် တစ်ခု အတွင်းမှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြား ထားသည်။
 
ထို့ကြောင့် လက်ရှိ ဖမ်းမိ ခံထားရသည့် အစွန်းရောက် များဟု ယူဆရသူ ၁၂ ဦးအား နောက်ထပ် ၂၄ နာရီ ကြာ ဆက်လက် ထိန်းသိမ်း၍ စစ်ဆေး သွားမည်ဟု ၎င်းက ပြောကြား ထားသည်။
 
ရဲတပ်ဖွဲ့မှ ရှာဖွေ တွေ့ရှိသော ပစ္စည်းများတွင် ပိုတက်စီယမ် နိုက်ထရိတ်၊ ဆာလ်ဖာ၊ ယမ်းစိမ်း၊ ပြောင်းချော သေနတ် တစ်လက်နှင့် တစ်လုံးထိုး သေနတ် တစ်လက်တို့ ပါဝင်ကြောင်း အစိုးရ ရှေ့နေ မစ္စတာမိုလင်း က စာနယ်ဇင်း သမားများအားပြောကြား ထားကြောင်း သိရသည်။
 
 
မြ၀တီ

0 comments:

Post a Comment

 
world time