Pages

Monday, October 15, 2012

အိုင်းရစ် ပင်လယ်ကို ရေပေါ်သွားပဲ့ထိန်း ဘီးဖြင့် ဖြတ်ကူး၍ စံချိန်တင်ရန် ကြိုးပမ်းသူ ရာသီဥတု ဆိုးရွားမှုနှင့်ကြုံတွေ့


ဗြိတိန်နိုင်ငံ ဝေးလ်ပြည်နယ် မြောက်ပိုင်းမှ ခရစ္စတော့ဒ် ဆိုသူ အမျိုးသား တစ်ဦးသည် အိုင်းရစ် ပင်လယ်ကို ရေပေါ်သွား ပဲ့ထိန်း ဘီးဖြင့် ဖြတ်ကူး၍ စံချိန် တင်ရန် ကြိုးပမ်းခဲ့ရာ ရာသီဥတု ဆိုးရွား လာမှုကြောင့် ၎င်း၏ ကြိုးပမ်းမှုသည် အောင်မြင်မှု မရှိခဲ့ ကြောင်း သိရသည်။ အသက် ၃၅ နှစ် အရွယ်ရှိ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ တော့ဒ်သည် လူမှုရေး အဖွဲ့အစည်း တစ်ခုအတွက် ရန်ပုံငွေ မြှင့်တင်နိုင် ရန် ၆၆ မိုင် ရှည်လျားသည့် အိုင်းရစ် ပင်လယ်ကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့ရာ ၂၆ ကီလိုမီတာ အကွာအဝေးသို့ အရောက်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ၎င်း၏ ရေပေါ်သွား ပဲ့ထိန်း ဘီးကြီးမှာ နစ်မြုပ် ခဲ့ရသည်။ 
 
ထို့နောက်တွင် ၎င်းအား ကယ်ဆယ်ရေး သင်္ဘော တစ်စင်းက ကယ်တင် နိုင်ခဲ့သည်ဟု သိရသည်။ 
 
ခရစ္စတော့ဒ် သည် အိုင်းရစ် ပင်လယ်ကို ဖြတ်ကူး၍ ဗြိတိသျှ အသက်ကယ် လှေအဖွဲ့နှင့် ဝီရှိုင်းယား မျက်မမြင် အဖွဲ့ အစည်းတို့ အတွက် ရန်ပုံငွေ စတာလင် ပေါင် ၂ဝဝဝဝ ရှာဖွေရန် ရည်မှန်းချက်ဖြင့် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။
 
မြ၀တီ

0 comments:

Post a Comment

 
world time