Pages

Tuesday, October 23, 2012

ထိုင်းနှင့် နယ်စပ်ဂိတ်သစ် နှစ်ခု လာမည့်နှစ်လအတွင်း ဖွင့်မည်

 
လာမည့်နှစ်လအတွင်း ထိုင်းနယ်စပ်မှ မောတောင်၊ ထီးထီး အစရှိသော နယ်စပ်ဂိတ်များကို အသစ်ထပ်မံ ဖွင့်လှစ်သွားရန် ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၁၇-၁၀-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။
တနင်္သာရီတိုင်းဒေသကြီးသည် ထိုင်းနိုင်ငံကို နယ်စပ်မှ ဆက်သွယ်ရန် ကော့သောင်း၊ ရနောင်းလမ်းကိုသာ အသုံးပြုနေရသေးပြီး အဆိုပါ မောတောင်နှင့်ထီးထီးနယ်စပ်တို့ကိုဖွင့်လှစ်နိုင်ပါကထိုင်းနိုင်ငံနှင့်ဆက်သွယ်
မှု ပိုမိုမြန်ဆန်သွားစေမည်ဟု သိရသည်။ “နယ်စပ်ဂိတ် အသစ်တွေ ထပ်ဖွင့်ဖို့ ရှိတယ်။ မောတောင်နဲ့ ထီးထီး
ဘက်ကို ဖွင့်ပေးဖို့ စီစဉ်နေတယ်။ ထိုင်းဘက်ကိုသွားဖို့ အတိုဆုံးလမ်းတွေပဲ” ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက
 ပြောကြားသည်။

 “နယ်စပ်ဂိတ်တွေနဲ့ ကုန်သွယ်မှုတွေက ပြည်ထောင်စု အဆင့်က ကိုင်တွယ်တာပါ။ ပြည်နယ်တိုင်းဒေသ အဆင့်ကတော့ ထောက်ခံချက်နဲ့ လုပ်ငန်းလုပ်ဆောင်မှု မြန်ဆန်စေရေး၊ ဆောင်ရွက်ပေးရတာပါ” ဟု ပြည်
ထောင်စုနှင့် ပြည်နယ်တိုင်းဒေသကြီး အဆင့်တို့ တာဝန်ခွဲဝေရယူမှုကို ရှင်းပြသည်။

“လောလောဆယ်က ကော့သောင်းရနောင်း ကိုပဲ အားကိုးနေရသေးတယ်”ဟု ၎င်းကဆက်လက် ပြောကြား
သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ မြဝတီနယ်စပ်ဂိတ် အပါအဝင်
ထိုင်းနှင့်ဆက်စပ်လျက်ရှိသောအဓိက ဒေသများတွင်နယ်စပ်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်သွားရန် ရှိနသည်
ဟု သိရပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ် ဖွင့်ထားသည်ထက်ထိုင်းကို ပိုမိုများပြားစေတော့မည်ဟုသိရသည်။

 “ဒီနှစ်မကုန်ခင် ဖွင့်ဖြစ်မယ်။ လမ်းဖောက်တာ ပြီးနေပြီ” ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်သတင်း

0 comments:

Post a Comment