Pages

Tuesday, October 23, 2012

ကရင်ပြည်နယ်ကော့ကျိုက်တွင် မွတ်စလင်မ်အိမ်များ ဖျက်ဆီးခံရ


လွန်ခဲ့သော ၁၈ ရက် အောက်တိုဘာလတွင် ဘာအံမြို.နှင့် ၅မိုင်ခန်.အကွာတွင်ရှိသော ကော့ကျိုက်ကျေးရွာတွင် မွတ်စလင်မ် အိမ် ၂လုံးအား ဗုဒ္ဓဘာသာဝင် လူငယ် အယောက်၂၀ ဦးက ကျောက်ခဲများဖြင ပစ်ပေါက်
ခဲ့ကြကြောင်း သတိရရှိပါသည်။ နောက်ထပ်အိမ် တစ်အိမ်ကိုတော့ အိမ်လှေခါးများကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့
ကြောင်း ရွာခံတစ်ဦးမှ ပြောကြားပါသည်။
အိမ်ရှင်ဖြစ်သူမွတ်စလင်မ်များမှာတော့ပြန်လည်ခုခံခြင်းမပြုပဲအိမ်ပေါ်မအပြင်ဘက်သို့ထွက်ပြေးတိန်းရှောင်
ခဲ့ရကြောင်း သိရပါသည်။

အဆိုပါ လူမျိုးရေး မုန်းတီးမှုဆိုင်ရာ ရာဇ၀တ်မှု ဖြစ်ရပ်များဖြစ်ပေါ် လာရခြင်းမှာ လွန်ခဲ့သည့် နှစ်များအတွင်း
မှ စ၍ကရင်ပြည်နယ် အတွင်း လူမျိုးရေး အစွန်းရောက်မှုများ ဖြစ်စေရန် လှုံဆော် နေသော အဖွဲ့ အစည်း
ဖြစ်သော ဆရာတော် ဘဒ္ဒန္ဓ ဥတ္တရ ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်
ရေး အဖွဲ့ ဘားအံမြို့မှ စတင်ပြီး လူမျိုးရေး ဘာသာရေး ဆိုင်ရာမုန်းတီးမှုများ ဖြစ်စေရန် ပြည်သူများအတွင်း အစွန်းရောက်ဝါဒ များ ကို ထုတ်ပြန်ချက်များ ဖြန့်ဝေ လှုံဆော်ခဲ့မူများမှ စတင်ခဲ့ သောကြောင့်ဖြစ်ကြောင်း
သိရှိရပါသည်။

သက်ဆိုင်ရာ ဒေသခံ အစ္စလာမ် ဘာသာရေးအဖွဲ့ အစည်းအဆင့်ဆင့်မှ နိုင်ငံတော် အာဏာပိုင်အဖွဲ့အ
စည်းအဆင့်ဆင့်သို့ တိုင်ကြား အကူအညီတောင်းခံ သော်လည်း ထိရောက်သော အရေးယူမှုတစ်စုံတစ်ရာ
မရှိပဲ အခြေအနေမှာ ပို၍ ပို၍ဆိုးရွားလာနေကြောင်းသတင်းရရှိပါသည်။
“ အစိုးရကိုတိုင်တာပဲ အရေးယူတာတွေ ဘာတွေမရှိတော့ ရောင့်တက်လာတာပေါ့ … အာဏာပိုင်အဖွဲ့ အစည်းတွေပါ ပါဝင်ပတ်သက်နေတော့ ဒါက အစိုးရကိုယ်တိုင် သက်သက် ဘာသာရေး တိုက်ခိုက်မှု လုပ်နေတာတွေကို အားပေးအားမြှောက်လုပ်နေတယ်လို ထင်မိတယ် … အရင် သာမည ဆရာတော်ကြီးရှိတုံးက ဒီလို ကိစ္စတွေ လုံးဝမရှိဘူး … အရင်က မြိုင်ကြီးငူ ဆရာတော် အိမ်မက်မက်တယ်ဆိုပြီး သူ့ တပည့်တွေက ဒါမျိုးတွေလုပ်တယ်.. အခုတော့ ပိုဆိုးလာတယ် ´´ဟု ဘားအံ မြို့ခံတစ်ဦးက myanmarmuslim.net သို့  ပြောကြားသွားခဲ့ပါသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၅-ရက်နေ့က ဘားအံမြို့ပေါ်တွင် မနက်အစော ဗလီမှ ပြန်လာသော အသက် ၇၄-နှစ်အရွယ် အဖိုးအိုတစ်ဦးအား ဘုန်းကြီး ၃-ပါးက၀ိုင်းဝန်းထိုးနှက်ကန်ကျောက်မှုကြောင့် အဖိုးအိုမှာ ဒဏ်
ရာများရရှိပြီး နံရိုးကျိုးကာ အတွင်းလူနာအဖြစ် ကုသခဲ့ ရပါသည်။

အဆိုပါ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဟူသည် ကရင်ပြည်နယ်အတွင်းလူ
မျိုးရေး မုန်းတီးမူများဖြစ်ပွားစေရန် လုပ်ကြံ သတင်းမျိုးစုံလွှင့်ပြီး အကြမ်းဖက်မှုများကို ရံဖန်ရံခါ စတင်သွေး
တိုးစမ်းလုပ်နေကြောင်း အာဏာပိုင်များပင်လျင် အဆိုပါအဖွဲ့ ကို ကြောက်ရွံ့နေကြရသဖြင့် ကရင်ပြည်နယ် တည်ငြိမ်ရေး အခြေအနေများ တစ်စ တစ်စ ယိုယွင်းလားနေကြောင်း သတင်းရရှိပါသည်


သတင်း – Iqbal (မြန်မာမွတ်စလင်မ်မီဒီယာ – ဘားအံ)

0 comments:

Post a Comment