Pages

Tuesday, October 23, 2012

ဖမ်းထားသည့် ရခိုင် ၁ဝ ဦးကို လွှတ်ပေးရန် မင်းပြားတွင် ဆန္ဒပြ (နောက်ဆုံးရသတင်း)

ဋိပက္ခ မှုများပြန်လည် ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရှိ ဘင်္ဂါလီများ နေထိုင်သော သာစည် ကျေးရွာ တွင် မီးရှို့မှု
ဖစ်ပွား ခဲ့ရာ လမ်းပေါ် တွင် တွေ့ရှိသော ရခိုင် တိုင်းရင်းသား ၁ဝ ဦးကျော်ကို လုံခြုံရေး တပ်ဖွဲ့များ က ဖမ်းဆီး ထိန်းသိမ်း ထား သဖြင့်
 ဒေသခံ အမျိုးသမီး များ မြို့ နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ တွင် ဆန္ဒပြလျက် ရှိကြောင်း လူမှု ကူညီရေး အသင်းမှ အတွင်းရေးမှူး ဦး
သန်းအောင် က ပြောကြား သည်။
လက်ရှိဖမ်းဆီးခံရသူများမှာယင်းပဋိပက္ခနှင့်ပက်သတ်မှုမရှိသူများဖြစ်သဖြင့်ပြန်လည်လွှတ်ပေး ရန် တောင်းဆို နေကြခြင်း
 ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ ကျေးရွာတွင် ဘင်္ဂါလီ များ ကိုယ်တိုင် မီးရှို့ခြင်း ဖြစ်သည် ဟု သတင်းများ ထွက်ပေါ် နေ သကဲ့သို့ ရခိုင် တိုင်းရင်းသား များ က မီးရှို့သည် ဟုလည်း သတင်းများ ထွက်ပေါ် နေကြောင်း ဒေသခံ များထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိ ရသည်။

 ပြည်နယ်ဝန်ကြီး တစ်ဦး ဖြစ်သူ ဦး သာလူချေ က ဖမ်းဆီး ထားသူများကို ပြန်လည် လွှတ်ပေးရန် အမျိုးသမီးထုကို ကတိ ပေးခဲ့ကြောင်း မင်းပြား မြို့နယ် ပြည်နယ် လွှတ်တော်အမတ် တစ်ဦး ဖြစ်သူ ဦးသာကျော် က ပြောကြားသည်။

နောက်ဆုံး ရရှိသော သတင်း အရ မင်းပြား တွင် ည မထွက်ရ အမိန့် ထုတ်ပြန် ထားသဖြင့် စတင် လူစု ခွဲ နေကြပြီ ဖြစ်ကြောင်း မင်းပြားမြို့နယ် ရခိုင် တိုင်းရင်းသား များ တိုးတက်ရေး ပါတီဝင် အမျိုးသား တစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စရပ် များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သို့ The Voice Weekly က ဆက် သွယ် မေးမြန်း ခဲ့ရာ သတင်း မရ ရှိ သေးကြောင်း ပြန်လည် ဖြေကြား သည်။

-The Voice Weekly

0 comments:

Post a Comment