Pages

Wednesday, September 26, 2012

နေပြည်တော်ဟိုတယ်များတွင်Presidential Suite ထည့်သွင်းရမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆

နေပြည်တော်တွင်အဆင့်မြင့် ထိပ်သီး အစည်းအဝေးများ ကျင်းပရာ၌ နိုင်ငံတကာက တက်ရောက်လာမည့် ကိုယ်စားလှယ်များတည်းခိုနိုင်ရန်နေပြည်တော်ဟိုတယ်တိုင်းတွင်PresidentialSuite(အရေးကြီး ပုဂ္ဂိုလ်များအ
တွက်သီးသန့်အခန်း)အခန်းစုစုပေါင်း ၂၁စုံ ကို တည်ဆောက်ပြီး ဟိုတယ်နှင့် တည်ဆောက်ဆဲ ဟိုတယ်များ အနေဖြင့်၂၀၁၃ခုနှစ်အောက်တိုဘာလတွင်တည်ဆောက်ရေးလုပ်ငန်းများအပြီးသတ်ရန်ဟိုတယ်နှင့်ခရီးသွား
လာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။
စက်တင်ဘာလ၂၅ရက်နေ့တွင် နေပြည်တော်ဝန်ကြီးရုံးတွင်ကျင်းပသောနေပြည်တော်ဟိုတယ်ဇုန်ရှိGeneral
Manager၊ ဟိုတယ် ဆောက်လုပ်ရေးတာဝန်ခံများ နှင့် တွေ့ဆုံပွဲတွင်ဝန်ကြီးကအထက်ပါ အတိုင်းပြောကြား
ခဲ့ကြောင်း စက်တင်ဘာလ ၂၆ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

နေပြည်တော်ရှိဟိုတယ်တိုင်းတွင်အာဆီယံထိပ်သီးအစည်းအဝေးများကဲ့သို့ နိုင်ငံတကာပါဝင်တက်ရောက်
မည့် အစိုးရ အဖွဲ့ခေါင်းဆောင်များ နေထိုင်နိုင်မည့် အခန်း၂စုံ စီရှိပါက တည်းခို နေထိုင်ရာတွင် အဆင်ပြေ
ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြချက်အရ သိရသည်။
 
 
နေပြည်တော်
 
 

0 comments:

Post a Comment