Pages

Wednesday, September 26, 2012

မက္ကစီကို နိုင်ငံတွင် ပြင်းအား ရစ်ခ်ျတာစကေး (၆.၂) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်


မက္ကစီကို နိုင်ငံတွင် ပြင်းအား ရစ်ခ်ျတာစကေး(၆.၂)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းများ
က အတည်ပြု ဖော်ပြခဲ့သည်။ အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့က မက္ကစီကိုရှိ ဘာဂျား ကျွန်းဆွယ် ပတ်ဝန်းကျင် ဒေသကို ဦးတည်ကာ အဆိုပါ ငလျင်သည် အင်္ဂါနေ့က လှုပ်ရှားခဲ့ကြောင်း အတည်ပြု ကြေညာ
သွားသည်။
ဘာဂျားဒေသ အုပ်ချုပ်ရေးဌာန ဒါရိုက်တာဖြစ်သူ ကားလို့စ် ရင်ကွန်းက ငလျင်လှုပ်ခတ်မှု နောက်ပိုင်းအသေ
အပျောက်နှင့် အပျက်အစီး သတင်းကိုမိမိတို့ မကြားသိရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့
သည်။ 

လာပက်ဇ်မြို့တွင်ငလျင်ကြောင့် ထိခိုက်ပျက်စီးဒဏ်ရာရမှုများ ရှိနိုင်ကြောင်းမူသတင်းများကဖော်ပြခဲ့သည်။ 

လာပက်ဇ်သည်မက္ကစီကို၏ငါးဖမ်းလုပ်ငန်းထွန်းကားရာငြိမ်သက်အေးချမ်းသည့်နေရာတစ်ခုလည်းဖြစ်သည်။
ထို့အပြင် အပန်းဖြေ ကမ်းခြေတစ်ခုလည်း တည်ရှိသည်။သတင်းများအရငလျင်လှုပ်ခတ်ချိန်တွင်ကမ္ဘာလှည့် 
ခရီးသည် အများအပြားသည် တည်းခိုနေရာ ဟိုတယ်များမှ ဆင်းပြေးခဲ့ကြောင်းလည်း သိရသည်။

ကမ်းလွန်ရေပြင်ကို ဦးတည်လှုပ်ခတ်သော ငလျင်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသအသီးသီးရှိ ပြည်သူ

များအား စိတ်အေးအေးထားရန် မိမိတို့ ဆက်သွယ်နှိုးဆော်ထားကြောင်း ရင်ကွန်းက ဆိုသည်။ ငလျင်သည် လာပက်ဇ်မြောက်ပိုင်း (၄၇)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု လှုပ်ခတ်သွားပြီး မိနစ်(၂၀)အကြာတွင် ရစ်ခ်ျ
တာစကေး (၄.၆) အဆင့်ရှိ နောက်ဆက်တွဲ တုန်ခါမှု တစ်ခုသည်လာပက်ဇ်မြောက်ဘက်(၂၄)မိုင်အကွာတွင်
ထပ်မံ ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

FoxNews

0 comments:

Post a Comment

 
world time