Pages

Wednesday, September 26, 2012

ရှမ်းမြောက် ပန်ဆိုင်း တိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအ၀င် ၄ ဦးကျ



 
ရှမ်းပြည်မြောက်ပိုင်းပန်ဆိုင်း(ကြူကုတ်)မှ၁မိုင်အကွာရှိသည့်ဖိုင်ကောင်း(HpaiKawng) ရွာဦးပိုင်းတွင် မြန်မာ
အစိုးရလားရှိုးတပ်ခလရ(၆၉)တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရပ်သား ကာကွယ်ရေး တပ်ဖွဲ့ (MHH)တပ်ခွဲ(၅)တို့ယမန်နေ့စက်တင်ဘာ၂၄ရက်နေ့တွင်အပြင်းအထန်တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်
ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။နှစ်ဖက်တပ်မှအပြင်းအထန်ပစ်ခတ်တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား၁ဦးသတ်ခံရပြီးအစိုးရတပ်ဖက်မှ၎ဦးနှင့်၁၀ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။

ကပ်နာ(Kapna)ရွာဟောင်းဖြစ်ပွားသောတိုက်ပွဲတွင်ထိုအစိုးရတပ်မျာသည်KIAကိုပစ္စည်းများ သယ်ပေးနေ
သာအသက်၁၅နှစ်အရွယ်အမျိုးသားအားဖမ်းဆီးလိုက်ပြီးမျက်စိ၊နှခေါင်း၊ခေါင်း၊ဂုတ်တွင် ဓါးဖြင့်ထိုးနှက် နှိပ်
စက်၍ ပစ်သတ်ကာ အိမ်တအိမ်ရှေ့တွင် ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း၏ရုပ်အလောင်းကိုယနေ့နံနက်သွားယူချိန်၎င်း၏ ဦးခေါင်းပိုင်းတွင်သွးများယိုနေပြီးသေဆုံး နေကြောင်း
ယနေ့ညနေဘက်မှာမြုပ်ခဲ့ကြောင်းထိုအရာရှိဆက်ဆိုသည်။အဆိုပါဒေသခံသည်အစိုးရနှင့် တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း ပြည်သူအရပ်သား ကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ (၅) များအား ဆိုင်ကယ်ဖြင့် လိုရာပစ္စည်းများ ဓာတ်ခဲ၊ အစားအစာများကို သယ်ပို့ပေးနေသူဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများသည် နံနက်မှစ၍ ဂျန်းချန် (Jeng Shang)နှင့် တောင်ဝမ် (Dawng Waw) တွင်ဖြစ်ပြီး ညနေဘက် ကပ်နာ (Kapna) တွင်အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်သား တစ်ဦးပြောသည်။

“မနက် ၁၀ ခွဲမှာ ၁ ကြိမ်၊ ၁ ခွဲမှာ ၁ ကြိမ်၊ ညနေ ၄ခွဲမှာ ၁ ကြိမ် ညမိုးချုပ်တဲ့အထိ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြတယ်။”

မြန်မာအစိုးရတပ်များသည် ဒဏ်ရာရသူများကို ပန်ဆိုင်းနှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ပို့ထားပြီး သေဆုံးသူ ဗိုလ်ကြီးနှင့် တပ်သားများ၏ ရုပ်အလောင်းများကို ကားဖြင့် ၎င်းသို့၏တပ်သို့သယ်သွားကြောင်းသိရသည်။

တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ(၅) မှ သေဆုံးမှု မရှိသော်လည်း ၂ ဦး ဒဏ်ရာ ရရှိကြောင်းသိရသည်။ ထိုသူ ၂ ဦးကို တရုတ်ပြည်ဆေးရုံသို့ ပို့ထားကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
ကချင်သတင်းဌာန

0 comments:

Post a Comment