Pages

Sunday, September 23, 2012

မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ပါကစ္စတန်ဝန်ကြီးက ဆုငွေထုတ်

 
မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ  ဖြစ်ခဲ့တဲ့တမန်တော်မိုဟာမက်ကိုသရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို 
သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ တသိန်းဆုပေးမယ်လို့ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ်  အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ  မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူကနောက်အလားတူရုပ်ရှင်ဇာတ်လမ်းမျိုးရိုက်သူရှိရင်လည်းအဲဒီလူကို သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ
တသိန်း ပေးမယ်လို့ ဆိုပါတယ်။

     ဆုငွေပေးမယ်ပြောတဲ့ ပါကစ္စတန်ဝန်ကြီး ဘီလား
                                                                                           
အဲ့ဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊  ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ
တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုး လည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာ
ဂတ် မှာအကြီးအကျယ် အန္တရာယ်  ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့  ပြောကြားချက်တွေနဲ့ သူတို့နဲ့
ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို  ပြောပါတယ်။

BBC (မြန်မာပိုင်း)

0 comments:

Post a Comment

 
world time