Pages

Wednesday, June 3, 2015

စောင့်ကြည့်ခံရမည့် အသက်ငယ်ဆုံးကစားသမား ၁၀ ဦးတွင် စည်သူအောင် ပါဝင်


RangonNewsDaily:: June . 3 .2015
စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီဂိမ်းဘောလုံးပြိုင်ပွဲရဲ့ စောင့်ကြည့်ရမယ့် အသက်အငယ်ဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ မြန်မာ ကစားသမားတဦးကို ထည့်သွင်းထားပါတယ်။

အာရှ ဘောလုံးချာနယ်က ရွေးချယ်လိုက်တဲ့ ကစားသမား ၁၀ ဦးစာရင်းမှာ မြန်မာ ယူ ၂၃ အသင်းက အသက် ၁၈ နှစ်အရွယ် အလယ်တန်းကစားသမား စည်သူအောင်ကို ထည့်သွင်းထားပါတယ်။

ရန်ကုန် ယူနိုက်တက်အသင်းရဲ့ ကစားသမား စည်သူအောင်ဟာ လျင်မြန်တဲ့ အလယ်တန်း ကစားသမားတဦးဖြစ်သလို နည်းပြ ဦးကြည်လွင်ရဲ့ ပထမလူစာရင်းမှာ အလိုအလျောက် ပါနေမှာ ဖြစ်တယ်လို့ ရေးပါတယ်။
အသက် ၁၆ နှစ်မှာ ပထမဆုံးပွဲကို နိုင်ငံအသင်းအတွက် ကစားခဲ့သလို နိုင်ငံတကာ အတွေ့အကြုံရှိတဲ့အတွက် အသင်းကြီးကို ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ကျောနံပါတ် ၅ ၀တ်ဆင်တဲ့ စည်သူအောင်ဟာ အင်ဒိုနီးရှားနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ရွေးချယ်ထားတဲ့ ကစားသမား ၁၀ ဦးထဲမှာ အင်္ဂလန် ပရီးမီးယားလိဂ် ဆောက်သင်တန်၊ ရီးဒင်းကနေ ၂၀၀၁၄ မှာ ချဲလ်ဆီး အကယ်ဒမီကို ပြောင်းရွှေ့သွားတဲ့ ဘရှုးနိုင်းကစားသမား အသက် ၁၇ နှစ် ဖစ်ဂျာဖရီ ဘိုကီးအာကိုလည်း ရွေးချယ်ထားပါတယ်။

အရှေ့တောင်အာရှ ၉ နိုင်ငံက ကစားသမားတွေကို ရွေးချယ်ခဲ့ပေမယ့် အရှေ့တီမော ကစားသမားတဦးမှ ဒီစာရင်းမှာ ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။
ဓာတ်ပုံ – Myanmar Football Federation
DVB,KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment