Pages

Tuesday, April 28, 2015

ထိုင်းနိုင်ငံမဟာချိုင်တွင် ကားတစ်စီးမှောက်၍ မြန်မာလုပ်သားကိုးဦး သေဆုံး


RangonNewsDaily:: April . 28 .2015
ထိုင်းနိုင်ငံ မဟာချိုင်မြေတွင် ဧပြီ ၂၇ ရက် ညက ကားတစ်စီးအရှိန်လွန်တိမ်းမှောက်ခဲ့ပြီး မြန်မာအလုပ်သမားကိုးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
မဟာချိုင်မြို့၊ ထဒ်ကျင်တံတားအောက်တွင် တိမ်းမှောက်ခြင်းဖြစ်ပြီး ကားပေါ်၌ မြန်မာအလုပ်သမား ၂၀ဦး လိုက်ပါလာကာ မြို့ထဲကို ကားကွေ့စဉ် အရှိန်လွန်မှောက်သွားခြင်းဖြစ်သည်။




အလုပ်သမားအားလုံးမှာ ကားမှောက်သည့် နေရာအနီးရှိလုချဉ်အသားလုံးစက်ရုံမှဖြစ်ပြီး အလုပ်ပြီး၍ အိမ်ပြန်စဉ် ထိုင်းစံတော်ချိန် ည ၈ နာရီခန့်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ မဟာချိုင်မြို့မှ ကိုစောမောင်က ပြောသည်။ စုစုပေါင်းအလုပ်သမားကိုးဦး သေဆုံးသည်ကို အတည်ပြုထားနိုင်ပြီး ဆေးရုံတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို စစ်ဆေးနေကြောင်း၎င်းကပြောသည်။ကျန်အလောင်းသုံးလောင်းမှာ အခြားဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
::
မဟာချိုင်သည် မြန်မာအလုပ်သမားများသောင်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေသောဒေသဖြစ်သည်။ အများစုမှာ ရေလုပ်ငန်းများနှင့် စက်ရုံများတွင်ဖြစ်သည်။
7Day Daily ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment