Pages

Tuesday, April 28, 2015

ဝင်းစိန်တောရဆရာတော်ကြီး၏ ရုပ်ကလာပ်အား အမြဲပူဇော်ထားရှိရန် စီစဉ်မည်


RangonNewsDaily:: April . 28 .2015
ဧပြီ ၂၆ ရက်က ပျံလွန်တော်မူသွားသည့် ဝင်းစိန် တောရဆရာတော် အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမပြုဘဲ မပုပ် မသိုးအောင်စီမံ၍ အများပြည်သူ များ အမြဲပူဇော်ဖူးမြော်နိုင်ရန် စီစဉ်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဆရာတော်ကြီးက ကျွန် တော်တို့ကို မိန့်မှာထားတာက ငါ့ကိုမီးလည်း မသင်္ဂြိုဟ်ပါနဲ့။ မြေ လည်းမမြှုပ်ပါနဲ့။ ရေမှာလည်း မမျှောပါနဲ့။ ဒါကြောင့် ဆရာ တော်ရဲ့ ရုပ်ကလာပ်ကို အမြဲ တမ်းအပူဇော်ခံမယ်လို့ ရည်ရွယ် ထားတယ်’’ဟု ဝင်းစိန်တောရ ကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးက ပြောသည်။

လတ်တလောတွင် ဆရာ တော်ကြီးအား ယာယီစံကျောင်း ဖြစ်သည့် ဓမ္မာရုံ၌ထားရှိပူဇော် ပြီးနောက် ဇေကမ္ဘာကုမ္ပဏီက ထိုင်းနိုင်ငံမှ မှာယူလှူဒါန်းသည့် ရွှေမှန်ခေါင်းတော်ဖြင့် ထည့်သွင်း ပူဇော်မည်ဖြစ်ကာ အမြဲတမ်း သီတင်းသုံးသည့်စံကျောင်းသို့ ကြွချီမည်ဖြစ်ပြီး အဆိုပါမှန်ခေါင်း တော်မှာ ဆရာတော်ဘုရားကြီး အား အမြဲတမ်းအပူဇော်ခံရန် စီမံ ထားသည့်မှန်ခေါင်းဖြစ်ကြောင်း သတင်းရရှိသည်။


၂၀၁၆ ဇန်နဝါရီတွင်ကျ ရောက်မည့် ဆရာတော်၏ မွေး နေ့၌ ယာယီစံကျောင်းမှ အမြဲ တမ်းသီတင်းသုံးသည့်စံကျောင်း သို့ ကြွချီသည့်အခမ်းအနားပြုလုပ် မည်ဖြစ်ပြီး တစ်နှစ်လျှင် တစ် ကြိမ် ဆရာတော်အား ပူဇော်သည့် ပွဲတော်ကျင်းပပြုလုပ်မည်ဟု ၎င်းက ပြောသည်။


ထို့အပြင် ဆရာတော်ကြီး အား မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တို့က ဧပြီ ၂၇ ရက် နံနက် ၈ နာရီကျော်တွင် ဈာပန အခမ်းအနားကို ပြည်နယ်အဆင့် အခမ်းအနားဖြင့်ပြုလုပ်မည်ဟု ၎င်းက ပြောကြားသည်။
‘‘ပြည်နယ်အဆင့်ဆိုတာက ဆရာတော်ဘုရားရဲ့ ဈာပနကို အမွှမ်းတင်ပေးတဲ့သဘောပါ’’ဟု မွန်ပြည်နယ် ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်းက ပြောသည်။


ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကို ယာယီစံကျောင်း ချသည့် အစီအစဉ်နှင့် ဆရာတော် ဘုရားကြီးအား အမြဲတမ်းပူဇော် နိုင်မည့်အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဆရာတော် ကြီး၏ ဈာပနအခမ်းအနားကို ကြိုဆိုနေရာချထားရေး၊ အလှူခံ ရေးနှင့် အပူဇော်ခံရေးတို့အပြင် ယခု ၃၁ ရက်အထိ စတုဒိသာ ကျွေးမွေးခြင်းတို့ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
ဆရာတော်ကြီးသည် ထိုင်းနိုင်ငံသို့ ၂၀၁၄ ဩဂုတ်၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် သွားရောက် ဆေးကုသခံယူခဲ့ပြီး ၂၀၁၅ ဧပြီ ၂၆ ရက် နေ့လယ် ၁ နာရီခွဲခန့် တွင် ရန်ကုန်မြို့ အာရှတော်ဝင် အထူးကုဆေးခန်း၌ နှလုံးရောဂါ ဖြင့် ပျံလွန်တော်မူခဲ့သည်။


ဝင်းစိန်တောရ ဆရာတော်ကြီးရုပ်ကလာပ်ပြင်ဆင်ထားစဉ် (ဓာတ်ပုံ - ဇေသီဟ)


7Day , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment

 
world time