Pages

Tuesday, November 4, 2014

မိဘတိုင်း သားသမီးများကို ပျိုးထောင်ပေးထားရမည့် အကျင့် ( ၁၀ ) မျိုး

RangonNewsDaily:: November . 4 .2014
မိဘတိုင်းဟာ သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ပါတယ်။ လူတစ်လုံး သူတစ်လုံး ပေါက်ပေါက်မြောက်မြောက် ဖြစ်စေချင်ပါတယ်။ လူတစ်ဦးရဲ့ အမူအကျင့်ဟာ ဘ၀ကကြမ္မာနဲ့ တိုက်ရိုက်ဆက်သွက်နေတတ်တဲ့အတွက်ကြောင့် အောက်ဖေါ်ပြပါ အကျင့်လေးများကို သားသမီးတွေ ငယ်စဉ်အခါက ပျိုးထောင်ပေးသင့်တယ်လို့ ပညာရှင်များက ညွန်ပြထားပါတယ်။
၁။ ပြောတဲ့အတိုင်းတကယ်လုပ်တယ်။ ( ကတိတည်ခြင်း )
ကတိတည်ခြင်းဟာ လူ့ဘ၀မှာ အခြေခံအကျဆုံး နဲ့ အလိုအပ်ဆုံး သောအမူအကျင့်တစ်မျိုးဖြစ်ပါတယ်။ ကတိမတည်တဲ့လူ

ဟာ မတိုးတက်နိုင်ပါဘူး။

၂။ စိတ်ရှည်ရှည်နားထောင်တတ်တယ်။ ( သူတစ်ပါးအားလေးစားတတ်ခြင်း )
တစ်ဘက်သားစကားကို လေးလေးစားစား စိတ်ရှည်ရှည် နားထောင်ပေးတတ်ခြင်း အကျင့်ဟာ ယဉ်ကျေးခြင်းရဲ့ အခြေခံ

အမူအကျင့်တစ်ခုဖြစ်ပါတယ်။ အတွေးအခေါ် နဲ့ အသိဥာဏ်တွေကို လက္ခံရရှိဖို့ အထောက်အကူအပြုဆုံး အမူအကျင့်ဖြစ်ပါတယ်။

၃။ စည်းမျဉ်းစည်းကမ်းလိုက်နာတတ်တယ်။ ( စည်းကမ်းရှိခြင်း )
စည်းမျဉ်းစည်းကမ်းအတိုင်း ပြုမူခြင်းဟာ နိုင်ငံသားကောင်းတိုင်း လိုအပ်တဲ့အမူအကျင့်ဖြစ်တယ်။ ကလေးများကို ငယ်ငယ်

ကတဲက စပြီးတော့မှ စည်းကမ်းလိုက်နာအောင် သင်ကြားပေးထားရင် သာယာတဲ့လူ့ဘောင်ကိုတည်ဆောက်နိုင်မှာဖြစ
ပါတယ်။ 

ဥပမာ၊ တန်းစီတတ်ခြင်း၊ မျဉ်းကျားလမ်းကူးခြင်း၊ အမိုက်ရှောက်မပစ်ခြင်း စသည်တို့ကို ငယ်စဉ်ကတဲက အကျင့်ပါအောင် သင်ကြားပေးထားသင့်ပါတယ်။

၎။ ကိုယ့်တာဝန်ကိုအမြဲသိတယ်။ ( တာဝန်ယူတတ်ခြင်း )
တစ်ခု နဲ့ တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ယနေ့ခေတ်ကြီးမှာ လူလူချင်း အမှီပြုတဲ့ အတိုင်းအတာဟာ ဘယ်ခေတ်

နဲ့မှ အတူအောင် များလာပါတယ်။ စက်မူလုပ်ငန်း၊ ထုတ်လုပ်မူလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း စတဲ့နယ်ပယ်အသီးသီးတို့မှာ အလုပ်ခွဲခြားလုပ်ကိုင်တာမူ အရင်ခေတ်ထက်ပိုပြီး အနုစိပ်လာပါတယ်။ 

ကိုယ်တာဝန်ယူရတဲ့အပိုင်းတစ်ခုခုက ပြသနာတက်သွားမယ်ဆိုရင် လုပ်ငန်းစဉ် တစ်ခုလုံးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကို တာဝန်ယူတတ်တဲ့အကျင့် ငယ်စဉ်ကတဲက ပျိုးထောင်ပေးထားရပါမယ်။

၅။ တစ်ပြားတစ်ချပ်မှအစ ချွေတာတတ်ခြင်း၊ ( ရပ်တည်တတ်ခြင်း )
ချွေတာတတ်ခြင်းဟာ ပိုက်ဆံတစ်ခုတည်းကို မဆိုလိုပါဘူး။ ရေခွက်တစ်ဝက်ပဲသောက်ချင်ရင် ခွက်အပြည့်ခတ်မသောက်

ဖို့လိုပါတယ်။ အခန်းထဲကနေ အပြင်ထွက်ရင် မီးပိတ်ဖို့လိုပါတယ်။ တတ်နိုင်တာ မတတ်နိုင်တာ နဲ့ မဆိုင်ပါဘူး၊ အရင်း
အမြစ်ချွေတာတတ်မှ နောင်မျိုးဆက်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ချန်ပေးခဲ့မှာပါ။

၆။ ကျန်းမာရေး လိုက်စားဖို့လိုပါတယ်။ ( ကျန်းမာရေးသည်ပထမ)
ကျန်းမာရေးသည် ပထမ ဆိုတဲ့ အကျင့်ကို မွေးမြူပေးထားရပါမယ်။ အားကစားလိုက်စားမယ်။ အစားအသောက်ဆင်ခြင်

တတ်တဲ့ အသိမွေးထားမယ်။ အိပ်ရေး၀၀ အိပ်တာကိုတန်ဖိုးထားတတ်မယ် ဆိုရင် ဘ၀တစ်ခုလုံးကို အကျိုးပြုစေ
မှာဖြစ်ပါတယ်။

၇။ ပစ္စည်းများကို သူ့နေရာနဲ့သူ ပြန်ထားတတ်တယ်။ ( သေသပ်ခြင်း )
အစလည်းကောင်းဖို့၊ အဆုံးလည်းကောင်းဖို့ ဆိုတာ ကလေးငယ်တွေအတွက် အလွန်ခက်ခဲပေမဲ့ အလွန်လိုအပ်လှတဲ့ အမူအကျင့်ဖြစ်ပါတယ်။ သုံးပြီးသားပစ္စည်း သူ့နေရာအတိုင်း ပြန်ထားတတ်တဲ့ အကျင့်မွေးမြူပေးထားရင် နောင်ဘာအလုပ်

ပဲလုပ်လုပ် သေသေသပ်သပ် ပြုလုပ်တတ်သွားတတ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အကျင့်ကောင်းတစ်ခုပါ။

၈။ အချိန်မှီကျေးဇူးတင်တတ်တယ်။ ( ဖေါ်ပြတတ်ခြင်း )
ကျေးဇူးသိတတ်ခြင်းဟာ အပြုသဘောဆောင်ပြီး ကလေးများကို တန်ဖိုးအသိ ရရှိစေမှာဖြစ်ပါတယ်။ အချိန်မှီကျေးဇူးတင်

တတ်တဲ့ အမူအကျင့်ဟာ လူလူချင်းဆက်ဆံရေးကို ပိုမိုချောမွေ့စေပြီး ဘ၀ကိုပိုမိုပျော်ရွှင်စေပါတယ်။

၉။ စီစဉ်တတ်တယ်။ ( ကိုယ့်ကိုကို စီမံတတ်ခြင်း )
တစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်စီစဉ်တတ်တဲ့အကျင့်လေး ပျိုးထောင်ပေးထားဖို့လိုပါတယ်။ အကြီးကြီးဖြစ်ချင်ရင် ငယ်ငယ်လေးဟာတွေကို စပြီးလေ့ကျင့်ရပါမယ်။ ဥပမာ နောက်တစ်နေ့ ကျောင်းတက်ဖို့ ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံ စသည်တို့ကို အဆင်သင့်ပြင်ဆင်ထားတာမျိုး၊ 


တစ်နေရာကိုသွားလည်တော့မယ်ဆိုရင်ကလေးကိုမေးကြည့်ပါ။ ဘာယူသွားရမလဲ၊ ဘယ်လိုစီစဉ်ရင်ကောင်းမလဲ ဆိုတာမျိုးပေါ့၊ ဖြစ်နိုင်ရင် သူတို့လေးတွေကို ကိုယ်တိုင်အစီအစဉ်ဆွဲခိုင်းပါ။ အစီအစဉ်ဆွဲတတ်သွားရင် ဘ၀တစ်ခုလုံး
အတွက်အသုံးဝင်မှာ ဖြစ်ပါတယ်။

၁၀။ သန့်သန့်ရှင်းရှင်းပဲ နေချင်တယ်။ ( သန့်ရှင်းခြင်း )
အ၀တ်အစား အကောင်ချည်း ၀တ်စရာမလိုပါဘူး၊ သန့်ရှင်းဖို့တော့လိုပါတယ်။ ရေမှန်မှန်ချိုးတတ်သွားမယ်။ လက်သဲရှည်

တာ ညပ်တတ်သွားမယ်။ ပစ္စည်းတွေကို ရှောက်မပစ်တတ်ဘူး။ ဖရိုဖရဲ မနေတတ်ဘူး၊ တစ်ကိုယ်ရေသန့်သန့်ရှင်းရှင်းနေတတ်သွားတယ်။

မိမိကလေးကိုပျိုးထောင်တဲ့နေရာမှ
ာ မိဘပဲဖြစ်ဖြစ်၊ ဆရာဆရာမပဲဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့ပုံစံမျိုးကိုပျိုးထောင်တာထက် ဖြစ်သင့်တဲ့ပုံစံမျိုးကို လေ့လာပြီး ပျိုးထောင်ပေးသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံဆိုတာက တခါတလေမှာ မှားယွင်းနေ

တတ်လို့ပါ။

ဆရာအောင်ကိုလတ် , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment