Pages

Monday, November 10, 2014

ဝတ်လစ်စားလစ်မော်ဒယ်များနဲ့ ခေါင်းတလား ကြော်ငြာ


RangonNewsDaily:: November . 10 .2014
ဒါဟာ သင်အိပ်စက်ရမယ့် နောက်ဆုံး အိပ်ရာပါ
Linder အခေါင်းကုမ္ပဏီက ကမ္ဘာတစ်ခုလုံးကိုလှုပ်ခတ်စေတဲ့ ကြော်ငြာ ပြက္ခဒိန်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ 
ဗလာ ကျင်း ဝတ်လစ်စားလစ် အမျိုးသမီးမော်ဒယ် များနဲ့ ကုမ္ပဏီထုတ်ကုန် ခေါင်းတလားတွေ ကို အရောင်းမြှင့်တင်ခဲ့တဲ့ Linder ကုမ္ပ ဏီက အခုဖန်တီးမှုရဲ့ရည်ရွယ်ချက်ကို ပြော ပြလာပါတယ်။ 

ကြော်ငြာပြက္ခဒိန်အတွက် အမျိုး သမီးများရဲ့ ဝေဖန်ပြောဆိုမှုခံရသလို အမျိုး သားဖောက်သည်တွေရဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကတိ ပြုထားတဲ့အတိုင်း ပြက္ခဒိန်တစ်ခုမှာ အမျိုး သားရော၊ အမျိုးသမီးပါ ထည့်သွင်းထားပါ တယ်လို့ ဆိုပါတယ်။ 

ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူဘာတက်ခ်လင်နာက ''အခေါင်းတလားဟာ ကြောက်လန့်ဖွယ် အရာဝတ္ထုတစ်ခု မဖြစ် သင့်ဘူးဆိုတာကို ပြသချင်တာပါ။ ဒါဟာ ပရိဘောဂပစ္စည်းတစ်ခုပါ။ သင်ထာဝရအိပ် စက်ရမယ့် နောက်ဆုံးအိပ်ရာပါ။ ဒါဟာ ကုန်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်''လို့ ဆို ပါတယ်။

Ref: Mirror , TheFlowerNews , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment