Pages

Monday, November 10, 2014

တောင်ငူမြို့တွင် ညီအစ်ကိုချင်း ဓားနဲ့ အပြန်အလှန်ခုတ်ရာမှ ညီဖြစ်သူ သေဆုံး

RangonNewsDaily:: November . 10 .2014
တောင်ငူမြို့ ကေတုမတီမြို့သစ် အနောက်ဆင်ရွာအုပ်စု ဆင်ရွာကြီးရွာမှာ နိုဝင်ဘာလ ၈ ရက် ည ၁၁ နာရီခန့်က ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ပြီး ဓားနဲ့ အပြန်အလှန်ခုတ်ရာမှ ညီဖြစ်သူ သေဆုံးတယ်လို့ အဲဒီကျေးရွာ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ဖခင်ဖြစ်သူ နေအိမ်မှာ အရက်အတူသောက်စားပြီး စကားများ ရန်ဖြစ်ရာကနေ ဓားနဲ့ အပြန်အလှန် ထိုးခုတ်ခဲ့ကြတာကြောင့် အသက်၂၄ နှစ်အရွယ်ရှိ ညီဖြစ်သူ သေဆုံးခဲ့ပြီးတော့ အသက်၂၉ နှစ်အရွယ်ရှိ အကိုဖြစ်သူ ဦးစိမ်းမြတ်သူမှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညီအစ်ကို နှစ်ယောက်လုံး တောင်ငူဆေးရုံကို ရောက်လာတယ်။ ဘီသွေးတစ်လုံးကို ရုံးက ရှာပေးခဲ့ရသေးတယ်” လို့ တောင်ငူမြို့နယ် သွေးလှူရှင် အသင်းတစ်ခုမှ အမျိုးသားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
::
အဲဒီလူသတ်မှုနဲ့ ပတ်သက်လို့ ဦးစိမ်းမြတ်သူကို ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြို့သစ် နယ်မြေရဲစခန်း ကနေ သိရပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time