Pages

Sunday, October 5, 2014

CES 2015 ပြပွဲတွင် ပြသနိုင်ရန်အတွက် ASUS မှ မျက်နှာပြင် ၅.၅ လက်မ ရှိသည့် Zenfone စမက်ဖုန်းကို ထုတ်လုပ်ဖွယ်ရှိ


RangonNewsDaily:: October . 5 .2014
DigiTimes ရဲ့ အဆိုအရ Asus ဟာ CES 2015 ပြပွဲအမီ ပြသနိုင်ရန်အတွက် မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိသည့် Zenfone လို့အမည်ပေးထားသည့် စမက်ဖုန်းသစ်ကို ထုတ်လုပ်သွားဖွယ် ရှိနေပါတယ်။ 
ယခုနှစ်အတွင်းမှာပဲ Zenfone 4, Zenfone 5 နှင့် Zenfone 6 တို့ကို ဆက်တိုက် ဆိုသလို ထုတ်လုပ်ခဲ့ပြီး အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ တဲ့ အတွက် တဲ့ အတွက် ယခု ၅.၅ လက်မမျက်နှာပြင်ကို ဆက်လက်ထုတ်
 လုပ်ခြင်း ဖြစ်နိုင်ပါတယ်။ 

လက်ခံနိုင်လောက်တဲ့ အနေအထားအရ Zenfone အမျိုးအစား ၃ မျိုးကို ဆက်တိုက်ထုတ်လုပ်ခဲ့ပြီး ယခုနှစ်အတွင်း Zenfone စမက်ဖုန်းပေါင်း ၇ သန်း နှင့် ၈ သန်းကြား ထုတ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ 

ထိုင်ဝမ်နိုင်ငံအခြေစိုက် Asus ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို LTE အခြေပြုစနစ်တွေအဖြစ် ထုတ်လုပ်မှာဖြစ်ပြီး အဆိုပါစမက်ဖုန်းတွေကို အမေရိက နှင့် တရုတ်နိုင်ငံလို ဈေးကွက်မျိုးကို တင်သွင်းမှာဖြစ်ပါတယ်။ Asus ကုမ္ပဏီ အနေနဲ့ကတော့ လာမည့် ၂၀၁၅ ခုနှစ်အတွက် စမက်ဖုန်းအလုံးရေ ၁၆ သန်းကျော် ထုတ်လုပ်ဖို့အတွက် လျာထားတယ်လို့ ဆိုပါတယ်။

Ref : GSMARENA , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment