Pages

Friday, October 3, 2014

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဲစာရင်းများ ကြိုတင်ကောက်ခံနေ

RangonNewsDaily:: October . 3 .2014
ကလေးမြို့နယ်၊ တောင်အူကျေးရွာတွင် စက်တင်ဘာ လကုန်ပိုင်းက
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဲစာရင်းများဟု ရေးသားထားသည့် ပုံစံ(၁) 
စာရွက်ဖြင့် ကျေးရွာဆယ်အိမ်ခေါင်းများက ဆန္ဒမဲကောက်ခံနေမှုများ 
ရှိနေကြောင်း သတင်းရရှိသည်။
“၂၀၁၅ အတွက် ကြိုတင်ဆန္ဒမဲတွေ လိမ်ပြီတော့ လိုက်ကောက်နေတယ်လို့ 
ထင်တယ်။ ဆန္ဒခံယူတဲ့ဒေသ၊ မဲရုံ၊မြို့နယ်နှင့် ပြည်နယ်/တိုင်းနေရာတွေကို
ကွက်လပ်ချန်ထားပြီး စာရင်းလိုက်ကောက်နေတာက လုံးဝ မရိုးသားတာပဲ။
စာရင်းလာကောက်တဲ့ ဆယ်အိမ်ခေါင်းကိုမေးတော့လည်း ဘာကြောင့်
ကောက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး ” ဟု
တောင်အူကျေးရွာသားတစ်ဦးကပြောသည်။


အဆိုပါ ဆန္ဒမဲကောက်ခံနေသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဲစာရင်းများ
ပုံစံ(၁)ဇယားတွင် ဆန္ဒခံယူပွဲဒေသ၊မဲရုံ၊ မြို့နယ်၊ ပြည်နယ်/တိုင်းနေရာ
များကို ချန်လှပ်ထားပြီး ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေး
မှူး က စေခိုင်း၍ ဆယ်အိမ်ခေါင်းများက ရပ်ကွက်အတွင်းသို့ လှည့်လည်
ကောက်ခံလျက်ရှိပြီးမည်သည့်အတွက် ဆန္ဒမဲစာရင်းကောက်သည်ကို
ရွာသူရွာသားများအား ရှင်းလင်းပြောဆိုမှု မရှိကြောင်းသိရသည်။


“၂၀၁၅ အတွက် နေအိမ်ရှိ လူဦးရေစာရင်း ကြိုကောက်ခိုင်းလို့ ကောက်ရ
တာပါ။


ခရိုင်ကကောက်ခိုင်းလို့ ကောက်ရတာပါ ” တောင်အူကျေးရွာအုပ်ချုပ်ရေးမှူး
ဦးအောင်ကျော်ညွန့် ကပြောသည်။


ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမောင်းထူးအား ဖုန်းဖြင့်ဆက်သွယ်
မေးမြန်းရာ ထိုကဲ့သို့ မဲဆန္ဒစာရင်း ကြိုတင်ကောက်ခံနေခြင်းကို ၎င်းအနေဖြင့်
မသိရသေးကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်မေးကြည့်ပါဦးမည်ဟုသာ
ပြန်လည် ဖြေဆိုခဲ့ပါသည်။


The Myanma Age , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment