Pages

Friday, October 3, 2014

ဒဂုံအရှေ့စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ သရဲဝင်ပူးသည်ဆိုကာ ယာယီပိတ်ထား

RangonNewsDaily:: October . 3 .2014
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စက်မှုဇုန်ရှိအထည်ချုပ်စက်ရုံတစ်ရုံတွင် 
သရဲဝင်ပူးသည်ဟုဆိုကာ စက်ရုံကို သုံးရက်ယာယီပိတ်ထားရကြောင်း
စက်ရုံ အလုပ်သမားများထံမှ အောက်တိုဘာ ၂ ရက်ကသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စက်မှုဇုန်ရှိ ဂျန်နရယ်အင်တာပရက်စ်
အထည်ချုပ်စက်ရုံ၏အမျိုးသမီးအလုပ်သမားအဆောင်တွင်အောက်တို
ဘာ ၁ ရက်က လူနေဆောင်ကိုစက်ရုံအဖြစ်ပြုလုပ်ပြင်ဆင်ပြီးနောက်
ဘုန်းတော်ကြီးများကိုပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဆိုရာမှ အ
လုပ်သမများကို သရဲဝင်ပူးသည်ဟူသော သတင်းများကြောင့်အဆောင်
အတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြောင်းအဆောင်နေအလုပ်သမလေး
များထံမှ စုံစမ်းသိရှိရသည်။

ထိုသတင်းများကြောင့်စက်ရုံအတွင်းမလိုလား
အပ်သောကိစ္စရပ်များဖြစ်ပေါ်မလာစေရန်လုပ်ငန်းခွင်ကိုအောက်တိုဘာ
၂ ရက်မှ ၄ ရက်အထိယာယီပိတ်ထားကြောင်း"၀င်ပူးတော့သူအော်တာ
ကအပြင်လူလက်မခံနိုင်ဘူးဆိုပြီးအော်တာပဲ။
::
ကျွန်မတို့လည်း သေချာမသိပါဘူး"ဟု အမည်မဖော်လိုသူ အသက် ၂၀
အရွယ် စက်ချုပ်သမလေးတစ်ဦးက ပြောဆိုသည်။အထက်ပါဖြစ်စဉ်ဖြစ်
ပြီး အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် စက်ရုံများ၌အလုပ်လာရောက်
လုပ်ကိုင်သည့် အလုပ်သမားများပါဝင်ပူးခံရသည်ဟုသတင်းများထွက်ပေါ်
လာခဲ့ပြီး ထိုသို့အပူးခံရသည်ဆိုသော အလုပ်သမားများကို စက်ရုံဘက်မှ
ကူညီစောင့်ရှောက်ထားကြောင်းနှင့် ၀င်ပူးခံရသောအလုပ်သမား ၂၀ ခန့်
ရှိနိုင်ကြောင်းသိရသည်။

ဝင်ပူးရခြင်းအကြောင်းရင်းမှာ အဆောင်အတွင်းရှိ အခြားသော နေနေကျ
အလုပ်သမားများအပြင် အခြားအလုပ်သမားများကိုအဆောင်အတွင်း အ
လုပ်လုပ်ကိုင်စေရန်စီစဉ်မှုများကြောင့်ဖြစ်နိုင်ကြောင်း အထက်ပါ အလုပ်
သမလေး ထံမှပင် သိရသည်။
::
ယင်းနှင့်ပတ်သက်ပြီးအဆိုပါစက်ရုံမန်နေဂျာက"ဒါက အလုပ်သမားတွေရဲ့
ကျန်းမာရေးနဲ့လည်းဆိုင်ပါတယ်။ အမျိုးသမီးတွေသဘာဝ ဓမ္မတာလာချိန်
မှာ စိတ်ချောက်ချားတာမျိုးဖြစ်မှာပါ"ဟု စံတော်ချိန်သို့ အောက်တိုဘာ ၂
ရက်က ပြောဆိုသည်။

ယင်းစက်ရုံနှင့် အဆောင်များတွင် ယခင်က ထိုကဲ့
သို့သော ကိစ္စရပ်များမဖြစ်ပွားဖူးကြောင်း၊ စက်ရုံလည်ပတ်နေသည်မှာလည်း
သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး အခြားသောဖြစ်စဉ်များလည်း ဖြစ်ပေါ်ဖူးခြင်းမရှိ
ကြောင်း စက်ရုံဝန်းကျင်ဈေးဆိုင်ငယ်များမှသိရသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ မြန်မာယူအိုင်ဘီအထည်ချုပ်စက်ရုံမှ အလုပ်သမား
များသည်လည်း စုပေါင်းတောင်းဆိုမှုပြေလည်ပြီးနောက်ပိုင်း စက်တင်ဘာ
၂၇ ရက်တွင်လုပ်ငန်းခွင်အတွင်းနှင့် နေအိမ်များ၌ သရဲဝင်ပူးသည်ဟူသော
ဖြစ်ရပ်များရှိခဲ့ကြောင်းသိရသည်။

စံတော်ချိန် ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment