Pages

Friday, October 10, 2014

ရန်ကုန်၌ တယ်လီနော ဆင်းမ်ကတ်ထွက်ရှိမှု ရက်အနည်းငယ် နောက်ကျမည်

RangonNewsDaily:: October . 10 .2014
မန္တလေးမြို့၌ ဆင်းမ်ကတ်ရောင်းချအပြီး နှစ်ပတ်အကြာတွင် ရန်ကုန်မြို့၌ ဆင်းမ်ကတ်ရောင်းချပေးမည်ဟု ကတိပေး ပြောဆိုခဲ့သည့် တယ်လီနောသည် လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ ဆင်းမ်ကတ်ရောင်းချပေးမည့် နေ့ရက်ကို အနည်းငယ် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၇ ရက်တွင် တယ်လီနော ဆင်းမ်ကတ်များကို မန္တလေးမြို့၌ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နေပြည်တော်မြို့၌ အောက်တိုဘာလ ၃ ရက်တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့၌ အောက်တိုဘာလ ၁၀ ရက်တွင် ဆင်းမ်ကတ်များ ရောင်းချပေးရမည် ဖြစ်သော်လည်း ရောင်းချပေးရန် အဆင်သင့် အနေအထား မဖြစ်သေးသည့်အတွက် ရက်အနည်းငယ် နောက်ကျပြီးမှ ဆင်းမ်ကတ်များကို ရန်ကုန်ဈေးကွက်အတွင်း ရောင်းချပေးမည်ဟု သိရသည်။

Internet Journal , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment