Pages

Tuesday, September 23, 2014

ခေါင်းလောင်းရှာသော သောင်တူးသင်္ဘော အစိုးရ ပြန်သိမ်း

RangonNewsDaily:: September . 23 .2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုသော သောင်တူးသင်္ဘောကို အစိုးရက ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးတွင် အသုံးပြုခဲ့သော သောင်တူးသင်္ဘော ပြန်လည်သိမ်း ယူမည့်အကြောင်း ကြိုတင် အ ကြောင်းကြားစာ ပေးပို့ထားပြီး စက်တင်ဘာ ၂၁ ရက်၌ ပြန်သိမ်း လိုက်ပြီဖြစ်ကြောင်း ရေအရင်းအ မြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။
‘‘နေရာ အတိအကျမရှိဘဲ လုပ်နေလို့ ဆက်မငှားတော့ဘူး။
::
ဒီနေ့ (စက်တင်ဘာ ၂၁)မှ သင်္ဘော ရွှေ့မယ်။ ထပ်ပြီး ငှားဖို့အစီအစဉ် မရှိတော့ဘူး။ သောင်တူးစက်က လူတွေက တည်နေရာမသိဘဲ လုပ်နေရတော့ ပင်ပန်းတယ်’’ဟု ၎င်းက စက်တင်ဘာ ၂၁ ရက် ည နေတွင် ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဟု ပြောဆိုထားသူ ဦးစံ လင်းနှင့် သတင်းထုတ်ပြန်ပေးသူ ဦးကြည်ဝင်းတို့၏ ဖုန်းများသို့ ဆက်သွယ်မေးမြန်းရန်ခေါ်ဆိုရာ ဖုန်းပိတ်ထား၍ ဆက်သွယ်၍မရ ပေ။
::
‘‘ရန်ကုန် တစ်နေရာမှာ သ တင်းစာရှင်းလင်းပေးမယ်။ ဗုဒ္ဓ ဟူး၊ ကြာသပတေးမှန်းထားတယ်။ ဦးစံလင်းလည်း ကုန်းပေါ်ရောက် နေပြီ။ ငွေစာရင်း ရှင်းထားပါ တယ်’’ဟု အလှူရှင် ဦးဝင်းမြင့်က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်မှစတင်ခဲ့ ပြီး သြဂုတ် ၂၆ ရက်တွင် ခေါင်း လောင်းကြီးတွေ့ရှိပြီဟု ဦးစံလင်း က ကြေညာခဲ့သော်လည်း လက် တွေ့တွင် ခေါင်းလောင်းမဟုတ် ဘဲ သင်္ဘောပျက်ကိုယ်ထည်သာ ဖြစ်နေသည်။ ခေါင်းလောင်းရှာ ဖွေမှုသည် စက်တင်ဘာ ၂၀ ရက်တွင် နောက်ဆုံးဖြစ်ပြီး ရက်ပေါင်း ၄၃ ရက်ကြာသော်လည်း မအောင်မြင်ဘဲ အဆုံးသတ်ခဲ့သည်။
::
လူထုယုံကြည်မှုနည်းပါးနေ သည့် ဓမ္မစေတီခေါင်းလောင်းရှာ ဖွေသူ ဦးစံလင်းကို စက်တင်ဘာ ၂၀ ရက်နေ့လယ်က ဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာ ‘‘အစည်းအဝေး လုပ်နေတယ်။ မပြောပါရစေနဲ့’’ ဟု ပြန်လည်ဖြေကြားခဲ့သည်။
::
သောင်တူးစက် ဆက်လက်မငှား ရမ်းခြင်းနှင့်ပတ်သက်၍ ခေါင်း လောင်းသတင်းထုတ်ပြန်ရေးအ ဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိ သေးသော်လည်း ဦးစံလင်းက သောင်တူးသင်္ဘောကို ထပ်မံငှား ရမ်းရန် ကြိုးပမ်းခဲ့ပြီး ဌာနက နေရာအတည်တကျမရှိဘဲ သောင်တူး စက်ဖြင့် တစ်လကျော်အောင် တူး နေသဖြင့် ရပ်နားစေခြင်းဖြစ်သည်ဟု ဆိုသည်။

7daydaily. ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment