Pages

Tuesday, September 23, 2014

လက်ရှိချန်ပီယံ စောငမန်းကို အလဲထိုးပြီး ထွန်းထွန်းမင်း အသက်အငယ်ဆုံး ချန်ပီယံဖြစ်လာ


RangonNewsDaily:: September . 23 .2014
မြန်မာပြည် လက်ဝှေ့ ချန်ပီယံဆုကို ငါးနှစ်ကြာ ထိန်းသိမ်းထား နိုင်ခဲ့သော စောငမန်း(ရွှေဖူး) ထံမှ ချန်ပီယံဘွဲ့ကို အသက် (၂၃) နှစ်အရွယ် ဆီဂိမ်းရွှေတံဆိပ် ဆုရှင် ထွန်းထွန်းမင်းက (လေးချီမြောက်တွင်) အလဲထိုး၍ ရယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံဆုရှင် ဖြစ်ခဲ့ကြောင်း ရိုရားလက်ဝှေ့ အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းနိုင်က ပြောသည်။
ယင်း ချန်ပီယံလုပွဲကြီးကို ပြီးခဲ့သည့် (၂၀) ရက်နေ့က ရန်ကုန်မြို့ရှိ သိမ်ဖြူ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပရိတ်သတ် အကြိုက်တွေ့ ခဲ့သော ပွဲတစ်ခု ဖြစ်ခဲ့သည်။ ပြိုင်ပွဲစသည့် ပထမအချီ မှာပင် စောငမန်း အနားတောင်း ခဲ့ရသည်။ ထို့နောက် ဒုတိယအချီတွင် ထွန်းထွန်းမင်း မျက်ခုံးကွဲ ဒဏ်ရာရရှိခဲ့သည်။ သို့သော် ငယ်ဂုဏ် ရှိပြီး မာဂုဏ်မြင့်သည့် ထွန်းထွန်းမင်းက အသက် (၃၄) နှစ်ရှိပြီဖြစ်သော စောငမန်း ကို အသာစီးမှ ထိုးသတ်နိုင်ခဲ့ကာ လေးချီမြောက်တွင် ခေါင်းတိုက်ချက်ဖြင့် အလဲထိုး ပွဲသိမ်းခဲ့ခြင်း ဖြစ်သည်။

““အရင်က ခုလို လူငယ် မျိုးဆက်တွေ ပြတ်ခဲ့တော့ စောငမန်က ကာလ အကြာကြီး ထိန်းနိုင်ခဲ့တယ်၊ ခုနောက်ပိုင်း မှာတော့ လူငယ် မျိုးဆက်တွေလည်း များလာတယ်၊ လက်ရည် တွေကလည်း ကောင်းတော့ စောငမန်းက သူရဲ့ဘွဲ့ကို လွှဲပေးလိုက် ရတယ်။ လက်ဝှေ့ လောက မှာတော့ဒါဟာ သဘာဝပဲ။ အကြာကြီး ထိန်းနိုင်တာနဲ့ ခဏ ထိန်းနိုင်တာပဲ ကွာတယ်။ အရင်ကပွဲတွေက သရေကျခဲ့ ပေမယ့် ဒီပွဲကျတော့ ထွန်းထွန်းမင်းက ပြတ်ပြတ်သားသား လုပ်လိုက်တော့ ပွဲက ပြတ်ပြတ်သားသား ဖြစ်သွားတာပေါ့””ဟု ဦးဇော်မျိုးနိုင်က ဆက်လက် ပြောသည်။

လက်ရှိတွင် ထွန်းထွန်းမင်းသည် မြန်မာပြည် ချန်ပီယံဘွဲ့ကိုရယူနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ၎င်းအနေဖြင့် နောင်လာမည့် မျိုးဆက်သစ်များနှင့် ရွယ်တူ လက်ဝှေ့သမားများကို ချန်ပီယံဆု မပေးရန်အတွက် ဆက်လက် ကာကွယ်ရမည် ဖြစ်သည်။

““ပြိုင်ပွဲကတော့ အတော်အားရစရာ ကောင်းတယ်။ ချန်ပီယံလုပွဲ ဆိုတဲ့အင်္ဂါရပ်နဲ့ ညီတယ်။ စောငမန်းကတော့ သူရဲ့ ဘွဲ့ကို လွဲပြောင်း ပေးလိုက်ရပြီ ဆိုတော့ ထွန်းထွန်းမင်းကရော ဘယ်လောက်ထိ ကာကွယ်နိုင်မလဲဆို တာကို စောင့်ကြည့် ရမှာပဲ”” ဟု ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။

စောငမန်းသည် ယခု လွဲပြောင်းပေးလိုက်ရသော ချန်ပီယံဆုကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က လုံးချောထံမှ အမှတ်ဖြင့် အနိုင်ယူကာ ရယူခဲ့ခြင်း ဖြစ်ပြီး၊ ချန်ပီယံဆုရှင် ဖြစ်စဉ်က အသက်(၂၉)နှစ် ရှိပြီဖြစ်သည်။ ယခင်က ရိုးရာလက်ဝှေ့ ချန်ပီယံဆုကို အသက်အငယ်ဆုံးနှင့် ရယူနိုင်ခဲ့သူမှာ ရွှေဝါထွန်း ဖြစ်ပြီး ထိုစဉ်က ၎င်း၏ အသက်သည် လက်ရှိ ချန်ပီယံဆုရှင် ထွန်းထွန်းမင်းထက် ကြီးသောကြောင့် ထွန်းထွန်းမင်းသည် မြန်မာနိုင်ငံ၏ အသက်ငယ်ဆုံး ချန်ပီယံဆုရှင် ဖြစ်လာခဲ့သည်။

Messenger News  , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment