Pages

Thursday, August 7, 2014

MPT ၏ ၁၅ဝဝတန် ဆင်းမ်ကတ်များ လူတိုင်းအတွက်ရောင်းချတော့မည်

RangonNewsDaily:: August . 7 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှကျပ် ၁၅ဝဝတန် တန်ဖိုး နည်းဆင်းမ်ကတ်များကိုမဲစနစ်ဖြင့် မဟုတ်ဘဲ မိုဘိုင်းလ်ဖုန်းအရောင်း ဆိုင်များတွင် အလွယ်တကူဝယ်ယူ နိုင်ရန် လူတိုင်းအတွက် ရောင်းချ ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဟုတ် က ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ ပြောကြားသည်။

ထိုသို့ရောင်းချခြင်းကိုအော်ရီဒူး ဆင်းမ်ကတ်နှင့်တယ်လီနောဆင်းမ် ကတ်များထွက်ရှိပြီးမှ ပြုလုပ်မည် ဖြစ်ပြီး ၄င်းကုမ္ပဏီများကဲ့သို့ ဝယ် သူကိုယ်တိုင် မှတ်ပုံတင်ရုံဖြင့် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ် ကြောင်း၎င်းကပြောသည်။

''ကျွန် တော်တို့ MPT ကျပ်၁၅ဝဝ တန် တန်ဖိုးနည်း ဆင်းမ်ကတ်တွေကို သိပ်မကြာမီဆိုင်တွေမှာ
 ရောင်းချ တော့မှာပါ။ GSM,WCDMA နဲ့ CDMA အားလုံးကို ရောင်းချမှာ ပါ။ GSM ဖုန်းလိုင်းတွေကိုလဲ နယ်တွေမှာ အသုံးပြုနိုင်အောင် တိုးချဲ့နေပါတယ်။ 

အင်တာနက် လိုင်းဆွဲအားကို နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းပြီးတိုးချဲ့ဖို့ရှိပါတယ်။ ဒရိုက်ကစ်ခေါ်
တာပေါ့''ဟု ¤င်းကဆက်လက်ပြော ကြားသည်။

ပြည်ပကုမ္ပဏီများဖြစ်သည့်အော်ရီဒူးနှင့် တယ်လီနောတို့မှ ဆင်းမ် ကတ်များကိုမှတ်ပုံတင်ရှိရုံဖြင့် အလွယ်တကူဝယ်ယူနိုင်အောင်ဆောင်ရွက် ခဲ့ပြီး အော်ရီဒူးမှဆင်းမ်ကတ်များအား ဇူလိုင် ၂၉ရက်က မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင်စတင်ရောင်းချကာ ရန်ကုန်မြို့တွင် သြဂုတ် ၂ရက်က စတင်ရောင်းချပြီး တယ်လီနော(မြန်မာ)ကုမ္ပဏီမှ SIM Card များကို စက်တင်ဘာလတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

The Union Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment

 
world time