Pages

Thursday, August 7, 2014

ဘုန်းကြီးကျောင်းသို့ အရက်သောက်စားပြီး မလာရန် တားမြစ်ပြောဆိုသူအား ပန်းအိုးဖြင့် ရိုက်နှက်ရာ သေဆုံး

RangonNewsDaily:: August . 7 .2014
လှိုင်သာယာမြို့နယ်တွင် ဘုန်းကြီးကျောင်းသို့ အရက်သောက်စားပြီး မလာရန် တားမြစ်ပြောဆိုသူအား ပန်းအိုးဖြင့် ရိုက်နှက်၍ သေဆုံး ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ်လ (၄) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်
ဗန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ မကြာခဏ လာရောက် အိပ်တတ်သူ ရွှေလင်
ဗန်းကျေးရွာနေ ငဖြိုး (၂၃) နှစ်သည် အရက်မူးယစ်ပြီး ဘုန်းကြီးကျောင်းသို့ ရောက်
ရှိလာကြောင်း၊ ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခင်ဋ္ဌေးက အရက်သောက်စားပြီး မလာရန်ပြောဆိုရာမှ ၎င်းတို့နှစ်ဦး စကားများရန်ဖြစ်စဉ် ငဖြိုးမှ အချင်းလေးလက်မ
ခန့်အမြင့် တစ်ပေခန့်ရှိ ဖန်ဘုရား ပန်းအိုးဖြင့် ကိုခင်ဋ္ဌေးအား ရိုက်နှက်ခဲ့၍ ဒဏ်ရာ
များရရှိခဲ့ကြောင်း သိရသည်။
::
ဒဏ်ရာရရှိသူ ကိုခင်ဋ္ဌေးအား လှိုင်သာယာဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံအရောက်
၌ သေဆုံးသွားခဲ့သဖြင့် ငဖြိုးအား လှိုင်သာယာ မြို့မ ရဲစခန်း မှ (ပ) ၁၀၉၅/၂၀၁၄
ပြစ်မှုပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Messenger ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment