RangonNewsDaily:: August . 24 .2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ၌ ရေငုပ်သမားများ တွေ့ရှိခဲ့သည့် ခေါင်းလောင်း ကွင်းကို သြဂုတ် ၂၆ရက်တွင် ကြိုးဖြင့်
ချိတ်ဆက်မည်ဖြစ်ကြောင်း နတ်စင်တစ်ရာ ဆရာတော်က စံတော်ချိန်သို့ သြဂုတ် ၂၃ရက်၌ မိန့်ကြားခဲ့သည်။
"ခေါင်းလောင်းပေါ်လုနီးမှသောင်တူးသင်္ဘောကပျက်သွားတယ်။
ဖျက်အမှောင့်တွေကတော့ ရှိနေတယ်ပြောရမယ်။ ဆယ်ယူရေးလုပ်ငန်းလုပ်နေတဲ့သူတွေ ကလည်း မိမိနဲ့ မိမိ မိသားစု
အတွက်လို့ စဉ်းစားလိုက်ရင်တော့ ဆယ်လို့ရမှာမဟုတ်ဘူး"ဟု ဆရာတော်ကဆက်လက်မိန့်ကြားသည်။
ဓမ္မ စေတီခေါင်းလောင်းအား ရေငုပ်သမားများကတွေ့ရှိခဲ့သည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်း၊ ရှာဖွေနေ
ဆဲအဆင့်သာရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေးသတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောကြား
ထားသော်လည်း ဆရာတော်ကမူ ခေါင်းလောင်းနှစ်လုံးကို ရှာတွေ့ထား၍ ယင်းခေါင်းလောင်းများကို ကြိုးဖြင့်ချိတ်ဆွဲ
ဆယ်ယူမည့်အြေ ကာင်း ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ခေါင်းလောင်းလုံးပတ်ကို သြဂုတ် ၁၅ရက် နံနက်က တွေ့ရှိခဲ့သည်ဟု ရေငုပ်သမားများက အတည်ြပုပြောကြား၍
သောင်တူးစက်များဖြင် သြဂုတ်၁၇ရက်ညနေပိုင်းမှစ၍ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အနှောင့်အ
ယှက်များရှိနေသောကြောင့်ခေါင်းလောင်းရုပ်လုံးပေါ်လုနီး ချိန်တွင်သောင်တူးစက်ပျက်သွားခဲ့ ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။
ယင်းကဲ့သို့ ခေါင်းလောင်းချိတ်ဆွဲယူမည့်ကိစ္စ နှင့် ပတ်သက်၍ မွန်ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအထောက်
အကူပြုဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနိုင်မင်းအောင်က "ရေငုပ်သမားတွေက ရေအောက်မှာ အရာဝတ္ထုတစ်ခု တွေ့
ထားတယ် ပြောတယ်။ဘာလဲဆိုတာတော့ မသိသေးဘူး။ ဒါပေမဲ့ သြဂုတ် ၂၆ရက်မှာ တစ်ခုခု ထူးမယ်ဆိုတာကိုတော့ ပြောနိုင်တယ်" ဟု ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေးလုပ်ငန်းကို သြဂုတ် ၈ရက်မှ စတင်လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၁၇ရက်တွင်
သောင်တူးစက်ဖြင့် စတင်တူးဖော်ခဲ့သည်။ သြဂုတ်၁၉ရက်၌ စက်ချွတ်ယွင်း၍ တူးဖော်မှုခေတ္တရပ်နားခဲ့ရပြီး သြဂုတ် ၂၀ရက် ညနေမှစ၍သြဂုတ် ၂၃ ရက်အထိ ဆက်လက်တူးဖော်လျက်ရှိသည်။
စံတော်ချိန် , KOLATT(PBDN)
RangonNewsDaily
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ၌ ရေငုပ်သမားများ တွေ့ရှိခဲ့သည့် ခေါင်းလောင်း ကွင်းကို သြဂုတ် ၂၆ရက်တွင် ကြိုးဖြင့်
ချိတ်ဆက်မည်ဖြစ်ကြောင
"ခေါင်းလောင်းပေါ်လုနီးမှသောင်တူ
ဖျက်အမှောင့်တွေကတော့ ရှိနေတယ်ပြောရမယ်။ ဆယ်ယူရေးလုပ်ငန်းလုပ်နေတဲ့သူတွေ ကလည်း မိမိနဲ့ မိမိ မိသားစု
အတွက်လို့ စဉ်းစားလိုက်ရင်တော့ ဆယ်လို့ရမှာမဟုတ်ဘူး"ဟု ဆရာတော်ကဆက်လက်မိန့်ကြားသည်။
ဓမ္မ
ဆဲအဆင့်သာရှိသေးကြောင်း
ထားသော်လည်း ဆရာတော်ကမူ ခေါင်းလောင်းနှစ်လုံးကို ရှာတွေ့ထား၍ ယင်းခေါင်းလောင်းများကို ကြိုးဖြင့်ချိတ်ဆွဲ
ဆယ်ယူမည့်အြေ
ခေါင်းလောင်းလုံးပတ်ကို သြဂုတ် ၁၅ရက် နံနက်က တွေ့ရှိခဲ့သည်ဟု ရေငုပ်သမားများက အတည်ြပုပြောကြား၍
သောင်တူးစက်များဖြင် သြဂုတ်၁၇ရက်ညနေပိုင်းမှစ၍ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အနှောင့်အ
ယှက်များရှိနေသောကြောင
ယင်းကဲ့သို့ ခေါင်းလောင်းချိတ်ဆွဲယူမည့်ကိစ္စ
အကူပြုဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနိုင်မင်းအောင်က "ရေငုပ်သမားတွေက ရေအောက်မှာ အရာဝတ္ထုတစ်ခု တွေ့
ထားတယ် ပြောတယ်။ဘာလဲဆိုတာတော့ မသိသေးဘူး။ ဒါပေမဲ့ သြဂုတ် ၂၆ရက်မှာ တစ်ခုခု ထူးမယ်ဆိုတာကိုတော့ ပြောနိုင်တယ်" ဟု ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေ
သောင်တူးစက်ဖြင့် စတင်တူးဖော်ခဲ့သည်။ သြဂုတ်၁၉ရက်၌ စက်ချွတ်ယွင်း၍ တူးဖော်မှုခေတ္တရပ်နားခဲ့ရပြီး သြဂုတ် ၂၀ရက် ညနေမှစ၍သြဂုတ် ၂၃ ရက်အထိ ဆက်လက်တူးဖော်လျက်ရှိသည်။
စံတော်ချိန် , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment