Pages

Sunday, August 31, 2014

ပဲခူးတွင် မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ် သူခိုးဝိဇ္ဇာဖမ်းမိ

RangonNewsDaily:: August . 31 .2014
ပဲခူးမြို့၊ အမှတ်(၃)နယ်မြေ ရဲစခန်း အပိုင်တွင်(၂၆.၈.၂၀၁၄)နေ့ ညနေ(၆း၀၀)အချိန်ခန့်က နယ်ထိန်း ခေါင်းဆောင် ရဲအုပ်လင်းအောင်နှင့် တပ်ဖွဲ့ဝင်(၉)ဦးတို့ သည် နယ်မြေအတွင်း မှုခင်း ကျဆင်းရေးနှင့် သတင်းစုံစမ်းနေစဉ် မသင်္ကာသူ တဦးအား စစ်ဆေးမေးမြန်းရာမှ ခိုးယူထားတဲ့ ဆိုင်ကယ် ၁၃ စီး ဖမ်းဆီးမိကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ ဝင်တွေက အမှတ်(၂) ရပ်ကွက်၊ နယ်မြေ(၉) ဦးပုညလမ်းတွင် ကျိုက်စက္ကောရဲဘက် စခန်းမှ ထွက်ပြေးလာသူ JLM-110(အနီရောင်) ဆိုင်ကယ်နှင့် ကိုရဲထွဋ်အား စစ်ဆေးမေးမြန်းခဲ့ရာ ရဲထွဋ်မှာ တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသလို နေအိမ်အဆောက်ဦး တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု သံသယရှိသဖြင့် သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ပါတယ်။

ကိုရဲထွဋ်အား အမှတ်(၃)နယ်မြေ ရဲစခန်းတွင် (ပ)၃၄၀/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ပြီး စစ်ဆေးခဲ့ရာ ယိုးဒယားနိုင်ငံလုပ်ဆိုင်ကယ်(၄)စီးနှင့် တရုတ် နိုင်ငံလုပ်ဆိုင်ကယ်(၉)စီးတို့အား ခိုးယူပြီး ပဲခူးမြို့ပေါ်တွင် လိုက်လံ ရောင်းချခဲ့ကြောင်း သိရှိပြီး သက်သေခံ ဆိုင်ကယ်များအား ဖော်ထုတ်သိမ်းဆည်း ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ကိုသန့် စင်
BY THIT HTOO LWIN , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time