Pages

Sunday, August 31, 2014

Apple ဟာ စက်တင်ဘာ ၉ ရက်နေ့ Event အတည်ပြုပြီးနောက် iPhone 6 ၏ ဓာတ်ပုံများနှင့် အချက်အလက်များ ထပ်မံထွက်ရှိလာ


RangonNewsDaily:: August . 31 .2014
Apple ဟာ သူရဲ့ Event ပြုလုပ်မည့်ရက်အဖြစ် စက်တင်ဘာလ ၉ ရက်နေ့ဆိုတာကို အတည်ပြုလိုက်ပြီဖြစ်သလို Event အတွက် ဖိတ်စာများကိုလည်း မီဒီယာများကို ပေးပို့လျှက်ရှိပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပေါက်ကြားခဲ့တဲ့ iPhone 6 ဘူးခွံတွင် ဖော်ပြထားသည့် ရက်နှင့်လည်း တစ်ရက်တည်းဖြစ်လျှက်ရှိပါတယ်။
ထိုကဲ့သို့ သတင်းတွေ ထွက်လာပြီးချိန်မှာတော့ ယခုအခါ ကောလဟလ သတင်းများအဖြစ် ထွက်လာသည့် ဒီဇိုင်းပုံစံအတိုင်း iPhone 6 ၏ ယုံကြည်နိုင်လောက်သော ဓာတ်ပုံများနှင့် အချက်အလက်များ ထပ်မံထွက်ရှိလာပါပြီ။

အဆိုပါ သတင်းများအရ iPhone 6 တွင် မျက်နှာပြင်ထောင့်ဖြတ်အကျယ် ၄.၇ လက်မ နှင့် resolution pixels 960 x 1704 pixels တို့ဖြစ်ပါတယ်။ ထိုအပြင် 3 GB RAM ကို အသုံးပြုထားပြီး A8 Chip အသုံးပြုသည့် 64bit Processor ကို အသုံးပြုထားဟာ မြန်နှုန်းကတော့ 2 GHz dual-core ဖြစ်ပါတယ်။ ကင်မရာက 8 MP ဖြစ်ပါတယ်။

Ref : GSMARENA , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment