Pages

Tuesday, April 22, 2014

ကူးတို့ သင်္ဘောအား စွန့်ခွာခဲ့သော သင်္ဘော ကပ္ပတိန်၏ လုပ်ရပ်သည် လူသတ်မှုနှင့်အလား သဏာန်တူကြောင်း တောင်ကိုရီးယား သမ္မတ ပြောကြား


RangonNewsDaily: April . 22 .2014
နစ်မြုပ်သွားခဲ့သော Sewol အမည်ရှိ တောင်ကိုရီးယား ကူးတို့သင်္ဘောပေါ်တွင် လိုက်ပါ စီးနင်းလာသည့် ခရီးသည်များနှင့် သင်္ဘောအား စွန့်ခွာခဲ့သည့် သင်္ဘော ကပ္ပတိန်နှင့်
အချို့သော သင်္ဘောအမှုထမ်းများ၏ လုပ်ရပ်သည် လူသတ်မှုနှင့် အလားသဏ္ဌာန် တူကြောင်း ဧပြီ ၂၁ ရက်တွင် တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး က ပြင်းပြင်းထန် ထန် ပြစ်တင်ဝေဖန် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း ဖြစ်ပွားခဲ့သော မမှန်ကန်သည့် လုပ်ရပ်များအား ဖော်ထုတ်သွားရန်နှင့် ရာထူးအဆင့်အတန်း အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များအား ဂရုမထားဘဲ ပြုမူခဲ့သည့် ပြစ်မှုများအတွက် တာဝန်ယူစေရေး တွန်းအားပေး ဆောင်ရွက်သွားရန် ကတိပြုပါကြောင်း ပတ်ဂွမ်ဟေးက ပြောကြားခဲ့သည်။ လူ ၃ဝဝ ကျော် သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးလျက်ရှိခြင်း အပေါ် အစိုးရ၏ ကနဦး တုံ့ပြန် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကြီးမားသော ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ပတ်ဂွမ်ဟေးက ဝန်ခံပြော ကြားခဲ့သည်။

သင်္ဘောကပ္ပတိန်နှင့် အချို့သော သင်္ဘော အမှုထမ်းများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ နားမလည်နိုင်ကြောင်းနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများသည် သည်းမခံနိုင်သော၊ သည်းမခံသင့်သော လူသတ်မှုတစ်ရပ်နှင့် အလားသဏ္ဌာန် တူညီကြောင်း ပတ်ဂွမ်ဟေးက ပြောကြားခဲ့သည်ဟု သိရသည်။


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment