Pages

Tuesday, April 22, 2014

မန်ယူအသင်းနှင့် နည်းပြဒေးဗစ်မိုယက်စ် လမ်းခွဲ


RangonNewsDaily: April . 22 .2014
မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ်သည် အသင်းနှင့် လမ်းခွဲတော့ မည်ဖြစ်ကြောင်း မန်ယူအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်မှ ကြေညာခဲ့သည်။ 
၎င်းနေရာတွင် ရိုင်ယန်ဂစ်နှင့် နစ်ကီဘတ်တို့က ယခုနှစ်ရာသီကုန်အထိ အသင်းကို ဆက်လက်ကိုင်တွယ် သွားမည်ဖြစ်ကြောင်း သိရသည်။

အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အမှုဆောင်ချုပ် ၀ုဒ်ဝက်ဒ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နည်းပြသက်တမ်း ၁၂ လ မပြည့်ခင်အတွင်း မိုယက်စ်နှင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 

လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မအောင်မြင်ခဲ့ခြင်းက ယင်းဆုံးဖြတ်ချက်၏ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့သည်။ 

မန်ယူအသင်း ၀က်ဘ်ဆိုက်မှ "ဒေးဗစ်မိုယက်စ် အနေဖြင့် အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုကြောင်း၊ မိုယက်စ်၏ ကြိုးစားမှုနှင့် တည်ကြည်မှုတို့အတွက် ကျေးဇူးတင်ကြောင်း" ဖော်ပြခဲ့သည်။ 

မိုယက်စ်သည် မန်ယူအသင်းနှင့် ၁ နှစ် ပေါင် ၄ သန်းတန် ၆ နှစ် စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး တစ်နှစ် လစာနှင့် ညီမျှသည့် လျော်ကြေးပမာဏဖြင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ဒေးဗစ်မိုယက်စ်သည် မန်ယူအသင်း သမိုင်းတစ်လျှောက်၌ အင်္ဂလန်အနောက်မြောက်ပိုင်း အဓိကပြိုင်ဘက် ၃ သင်းဖြစ်သည့် မန်စီးတီး၊ လီဗာပူးနှင့် အဲဗာတန် သုံးသင်းစလုံးကို အိမ်ကွင်း၊ အဝေးကွင်း ခြောက်ပွဲရှုံးသည့် ပထမဆုံး နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

မန်ယူအသင်းသည် လာမည့်ရာသီတွင် ခန့်အပ်မည့် နည်းပြရာထူးအတွက် ဟော်လန်လက်ရွေးစင်နည်းပြ လူးဝစ်ဗန်ဟားလ် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၊ ဒေါ့မွန်နည်းပြ ယာဂင်ကလော့ပ်တို့ကို ပစ်မှတ်ထားနေပြီး ရီးယဲယ်နည်းပြ အန်ဆယ်လော့တီကိုလည်း စောင့်ကြည့်လျက်ရှိသည်။ 

မန်ယူအသင်းသည် အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ် ၀င်ခွင့်အတွက် အဓိကပြိုင်ဘက် ဖြစ်လာနိုင်သည့် စပါးနှင့် ၆ မှတ်အထိ ကွာဟသွားခဲ့ပြီး ၁၉၈၂ နောက်ပိုင်း ဥရောပပြိုင်ပွဲစုံတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရသည့် ပထမဆုံးရာသီ ဖြစ်လာရန် နီးစပ်နေသည်။

မန်ယူအသင်းသည် အဲဗာတန်နှင့် ပွဲအပြီး၌ တစ်ရာသီအတွင်း ရှုံးပွဲ ၁၁ ပွဲအထိ ရှိလာခဲ့ပြီး အသင်း၏ ပရီးမီးယားလိဂ် သမိုင်းတွင် အဆိုးရွားဆုံး စံချိန်ဖြစ်ခဲ့သည်။

Eleven Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time