Pages

Saturday, March 8, 2014

မြန်မာ-ထိုင်းနယ်စပ်တွင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူအဖြစ် သံသယရှိရသူများနှင့် ထိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်၊ ၆ ဦး သေဆုံး


RangonNewsDaily: March . 8 .2014
ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူအဖြစ် သံသယရှိရသူတို့ ထိုင်း-မြန်မာနယ်စပ်၌ အပြန်အလှန်ပစ်ခတ်ရာမှ ၆ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ရွှေတြိဂံနယ်မြေတွင်းရှိ ချင်းရိုင်းခရိုင်၏ မြောက်ဘက်စွန်းရှိ မယ်ဆိုင်နယ်စပ်၌ သောကြာနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အခင်းဖြစ်တဲ့နေရာမှာ အလောင်း ၆ခု ကို မက်သာဖတ်တမင်း ၇ ထုတ်နဲ့အတူတွေ့ရတယ်” ဟု မယ်ဆိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး နာတ၀တ်ယူဝန်က ပြောသည်။

သေဆုံးသူများသည် တောင်ပေါ်မျိုးနွယ်စုများဖြစ်နိုင်ကြောင်းနှင့် ၎င်းတို့သည် ခြေကျင်ဖြတ်သန်းသွားလာကြခြင်းဖြစ်နိုင်ကြောင်း ဖြည့်စွက်ပြောသည်။

ထိုင်းနိုင်ငံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးကုန်ကူးသူများအကြား ပစ်ခတ်မှုများ မကြာခဏဖြစ်လေ့ရှိသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံဘက်မှလာသော မက်သာဖတ်တမင်း ဖမ်းဆီးရရှိမှု သိသိသာသာ တိုးလာသည်။ မက်သာဖတ်တမင်းသည် ထုတ်လုပ်ရ လွယ်ကူပြီး မြန်မာလက်နက်ကိုင်များသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ်ငွေကို
မူးယစ်ဆေးဝါး ကုန်ကူးခြင်းဖြင့် ကျားကန်လေ့ရှိသည်။

Ref ; CNA/AFP
News WatchJournal , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time