Pages

Saturday, March 8, 2014

မုံရွာ မြို့နယ် ဆားကျင်း ကျေးရွာ၌ ဆိုင်ကယ် စီးလာသူ တစ်ဦး ဓားဖြင့် ၂၁ ချက် ခုတ်ခံ ရသဖြင့် သေဆုံး


RangonNewsDaily: March . 8 .2014
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဆားကျင်း ကျေးရွာတွင် ဆိုင်ကယ် စီးနင်းလာသူ တစ်ဦးမှာ ဓားဖြင့် ၂၁ ချက် ခုတ်ခံရသောကြောင့်
ဆေးရုံသို့ တင်ပို့ခဲ့ရာ ယမန်နေ့နံနက် ၄ နာရီက မုံရွာပြည်သူ့ ဆေးရုံကြီးပေါ်၌ သေဆုံး သွားခဲ့ကြောင်း မုံရွာ မြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူး ကျော်ကျော်ညွန့် ထံက သိရသည်။

ဖြစ်စဉ်မှာ မတ် ၃ ရက် ည ၁ဝ နာရီခွဲက ဆားကျင်း ကျေးရွာနေ ကိုသန်းစိုး (အသက်၂၈) ဆိုသူသည် အရက်သေစာ သောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ) နတ်ဆိုး ဆိုသူနှင့် ပတ်သက်၍ ယခင်က ရန်ကြွေးအားကျေနပ်မှု မရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူကို ပြောဆိုခဲ့ရာ ဇနီးဖြစ်သူမှာ သူမ၏ခင်ပွန်း ဖြစ်သူကို တစ်ဆင့်ပြန်လည် ပြောပြခဲ့သဖြင့် ထွန်းလွင် (ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား၂ ပေ၊ ၄ လက်မရှိ ဓားရှည် တစ်ချောင်းဖြင့် ဆိုင်ကယ် စီးနင်း လာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကိုသန်းစိုးမှာ ဒေါ်အေးစီ နေအိမ်ရှေ့ လမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲနေသည့်အတွက် မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာကုသရေး ဌာနသို့ ပို့ဆောင်၍ ဆေးကုသခဲ့ရာ ရရှိဒဏ်ရာများဖြင့် ယမန် နေ့က သေဆုံးသွားခဲ့သည်။

 သေဆုံးသူ ကိုသန်းစိုးအား မှုခင်းဆေး ပညာအရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက်ရာတွင် ယာဘက် လည်ပင်း၊ ပါးစပ်၊ နှုတ်ခမ်း၊ မေးစေ့၊ ပခုံး၊ နဖူး၊ ချိုစောင်း၊ ရင်ဘတ်နှင့် လက် ချောင်းစသည့် နေရာများတွင် ပြတ်ရှဒဏ်ရာ ၂၁ ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းဆေးဆရာ ဝန်ကြီး၏ စစ်ဆေးချက် အရသိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်အေးစီက မုံရွာ မြို့မ ရဲစခန်းသို့ တရားလိုပြု လုပ်တိုင်တန်း ခဲ့ရာ ရဲစခန်းက (ပ) ၆၄/၂ဝ၁၄ ပြစ်မှု ပုဒ်မ ၃၂၆ အရ မူလက အမှုရေးဖွင့် ထားခဲ့သော်လည်း ဓားခုတ်ခံရ သူမှာ သေဆုံး သွားသည့်အတွက် ပြစ်မှုပုဒ်မ ၃၂၆ မှ ၃ဝ၂ သို့ အမှုပြောင်းလဲ ရေးဖွင့် ခဲ့ကြောင်း သိရသည်။

မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment