Pages

Monday, February 24, 2014

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ

RangonNewsDaily: February . 24 .2014
ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်
ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။အရေးယူခံရသည့် လုပ်သား ၂၅ ဦး အနက် မြန်မာ နိုင်ငံသား ၁၆ ဦး ပါဝင်ပြီး အိန္ဒိယ နိုင်ငံသား ခုနစ်ဦး၊ ဖိလစ်ပိုင် နိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း၊ ၎င်းတို့အနက်၂၂ ဦးကို ထောင်ဒဏ် ၁၀ ပတ်၊ နှစ်ဦးကို ထောင်ဒဏ် ၁၂ ပတ်၊ ကျန်တစ်ဦးကို ထောင်ဒဏ် လေးပတ် အသီးသီး ပြစ်ဒဏ် ချမှတ်
ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံခြားသား၂၅ ဦးမှာ တက္ကသိုလ် ဘွဲ့လက်မှတ် အတု အယောင်များကို ထည့်သွင်းကာ လျှောက်ထားခြင်း ဖြစ်ပြီး Spass ဖြင့် လျှောက်ထားသူ ၂၀ ဦး နှင့် EP (Employment Pass) ဖြင့် လျှောက်ထားသူ ငါးဦး ပါဝင်ကြောင်း MOM က ထုတ်ပြန်ထား
သည်။

၎င်းတို့ကို အရေးမယူမီ ဘွဲ့လက်မှတ် ထုတ်ပေးသော တက္ကသိုလ်များနှင့် နိုင်ငံ အသီးသီးက အစိုးရ ရုံးများသို့ ၂၀၁၃ ခုနှစ် နိုဝင်

ဘာနှင့် ဒီဇင်ဘာလ တို့တွင် ဆက်သွယ် စုံစမ်း အတည်ပြုပြီးမှသာ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် တို့က
လည်း နိုင်ငံခြားသား ၇၈ ဦးကို တရားစွဲခဲ့သည့် အနက် ၄၃ ဦးကို ထောင်ဒဏ် လေးပတ်စီ ကျခံစေခဲ့သည့် အပြင် စင်ကာပူ နိုင်ငံသို့ လာရောက်ခွင့် ကိုလည်း ပိတ်ပင်လိုက်ကြောင်း MOM က ထုတ်ပြန်ထားသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသဖြင့် ၂၀၁၃ ဇူလိုင်လ အတွင်းကလည်း မြန်မာနိုင်ငံသား ၂၁ ဦး အရေးယူ ခံခဲ့ရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time