Pages

Tuesday, February 11, 2014

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ

Photo: တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ရှန်ဟိုင်းမြို့ သည် တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။

ရှန်ဟိုင်းမြို့ သည် အာရှတွင် ခေတ်အမီဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်းတွင် နံပတ် ၁၀ နေရာ၌ ရပ်တည်လျက် ရှိကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Global Language Monitor အဖွဲ့၏ သုတေသန ပြုချက်အရ သိရသည်။

ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော်များ စာရင်း၌ နယူးယောက် မြို့သည် နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး ပဲရစ်နှင့် လန်ဒန်မြို့ များသည် နံပါတ်နှစ် နေရာနှင့် နံပါတ်သုံး နေရာတို့တွင် အသီးသီး ရပ်တည်လျက် ရှိသည်။ ၄င်း စာရင်း၏ ထိပ်တန်း မြို့ ၂၀ တွင် တိုကျို ၊ စင်ကာပူ နှင့် ဟောင်ကောင် တို့ ပါဝင်လျက် ရှိကြောင်း သိရသည်။

တိုကျိုမြို့ သည် ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်း၏ နံပါတ် ၁၁ နေရာတွင် ရပ်တည် နေခဲ့ပြီး စင်ကာပူ က နံပါတ် ၁၉ နေရာ ၊ ဟောင်ကောင်မြို့ က နံပါတ် ၂၀ နေရာတို့တွင် ရပ်တည် နေခဲ့ကြောင်း သိရှိရသည်။

Themyawadydaily

RangonNewsDaily: February . 11 .2014
ရှန်ဟိုင်းမြို့ သည် တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။ရှန်ဟိုင်းမြို့ သည် အာရှတွင် ခေတ်အမီဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်းတွင် နံပတ် ၁၀ နေရာ၌ ရပ်တည်လျက် ရှိကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Global Language Monitor အဖွဲ့၏ သုတေသန ပြုချက်အရ သိရသည်။

ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော်များ စာရင်း၌ နယူးယောက် မြို့သည် နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး ပဲရစ်နှင့် လန်ဒန်မြို့ များသည် နံပါတ်နှစ် နေရာနှင့် နံပါတ်သုံး နေရာတို့တွင် အသီးသီး ရပ်တည်လျက် ရှိသည်။ ၄င်း စာရင်း၏ ထိပ်တန်း မြို့ ၂၀ တွင် တိုကျို ၊ စင်ကာပူ နှင့် ဟောင်ကောင် တို့ ပါဝင်လျက် ရှိကြောင်း သိရသည်။

တိုကျိုမြို့ သည် ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်း၏ နံပါတ် ၁၁ နေရာတွင် ရပ်တည် နေခဲ့ပြီး စင်ကာပူ က နံပါတ် ၁၉ နေရာ ၊ ဟောင်ကောင်မြို့ က နံပါတ် ၂၀ နေရာတို့တွင် ရပ်တည် နေခဲ့ကြောင်း သိရှိရသည်။

Themyawadydaily , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment