Pages

Tuesday, February 11, 2014

မိမိကို အတုခိုးလေ့ရှိသည့် သမီးလေး၏ ဓာတ်ပုံကို ဂီဆီလီဘန်ချန် ပြသ

Photo: မိမိကို အတုခိုးလေ့ရှိသည့် သမီးလေး၏ ဓာတ်ပုံကို ဂီဆီလီဘန်ချန် ပြသ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။

သူမကို အတုခိုး အားကျကာ လိုက်လံ တုပလေ့ရှိသည့် သမီးလေး၏ ချစ်စဖွယ် ပုံရိပ်ကို ဂီဆီလီ ဘန်ချန်က Twitterတွင် လွှင့်တင်ခဲ့သည်။ အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။ ယင်းလှုပ်ရှားမှုကို ရိုက်ယူထားသည့် ဓာတ်ပုံကို ဂီဆီလီက Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ နောက်ဘက်မှ ရိုက်ကူးထားသော ဓာတ်ပုံတွင် (၁၀)လအရွယ် ကလေးမလေးသည် မိခင်နှင့်အတူ ယှဉ်လျှက် ခြေချိတ်ထိုင်ရင်း ပြူတင်းပေါက် တစ်ခုဘက် မျက်နှာမူနေသည်ကို တွေ့ရသည်။

ဂီဆီလီက သားအမိ နှစ်ဦး၏ ဓာတ်ပုံကို Follower 725000ကျော်ရှိသည့် သူမ၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ပြီး "မင်္ဂလာ နံနက်ခင်းပါ။ အလုပ်အတွက် အသင့်ဖြစ်နေပြီ။ သမထ ကျင့်စဉ်ကို ခပ်လောလောလေး လုပ်နေပါတယ်။ ပျော်စရာပါပဲ"ဟု အင်္ဂလိပ်၊ ပေါ်တူဂီ နှစ်ဘာသာဖြင့် ရေးသားထားခဲ့သည်။ ကလေးနှစ်ဦး၏ မိခင်ဖြစ်သော စူပါမော်ဒယ်လ်သည် လတ်တလောတွင် ဘရာဇီးလ်သို့ ပြန်ရောက်နေသည်။ ဂီဆီလီသည် ဩဂုတ်လကလည်း ယောဂလေ့ကျင့်နေစဉ် သူမ၏ သမီးလေးက လိုက်လံတုပနေသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့သေးသည်။ ဂီဆီလီသည် (၂၀၀၉)ခုနှစ်က အမေရိကန်ဘောလုံး အားကစားသမား တွမ်ဘရာဒီနှင့် လက်ထပ်ခဲ့ပြီး ဗီဗီယန်၏ အထက်တွင် (၃)နှစ်အရွယ် သားကြီး ဘင်ဂျမင်ကိုလည်း မွေးဖွားထားသည်။

Myawady News

RangonNewsDaily: February . 11 .2014
အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။သူမကို အတုခိုး အားကျကာ လိုက်လံ တုပလေ့ရှိသည့် သမီးလေး၏ ချစ်စဖွယ် ပုံရိပ်ကို ဂီဆီလီ ဘန်ချန်က Twitterတွင် လွှင့်တင်ခဲ့သည်။ အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။ 

ယင်းလှုပ်ရှားမှုကို ရိုက်ယူထားသည့် ဓာတ်ပုံကို ဂီဆီလီက Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ နောက်ဘက်မှ ရိုက်ကူးထားသော ဓာတ်ပုံတွင် (၁၀)လအရွယ် ကလေးမလေးသည် မိခင်နှင့်အတူ ယှဉ်လျှက် ခြေချိတ်ထိုင်ရင်း ပြူတင်းပေါက် တစ်ခုဘက် မျက်နှာမူနေသည်ကို တွေ့ရသည်။

ဂီဆီလီက သားအမိ နှစ်ဦး၏ ဓာတ်ပုံကို Follower 725000ကျော်ရှိသည့် သူမ၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ပြီး "မင်္ဂလာ နံနက်ခင်းပါ။ အလုပ်အတွက် အသင့်ဖြစ်နေပြီ။ သမထ ကျင့်စဉ်ကို ခပ်လောလောလေး လုပ်နေပါတယ်။ ပျော်စရာပါပဲ"ဟု အင်္ဂလိပ်၊ ပေါ်တူဂီ နှစ်ဘာသာဖြင့် ရေးသားထားခဲ့သည်။ 

ကလေးနှစ်ဦး၏ မိခင်ဖြစ်သော စူပါမော်ဒယ်လ်သည် လတ်တလောတွင် ဘရာဇီးလ်သို့ ပြန်ရောက်နေသည်။ ဂီဆီလီသည် ဩဂုတ်လကလည်း ယောဂလေ့ကျင့်နေစဉ် သူမ၏ သမီးလေးက လိုက်လံတုပနေသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့သေးသည်။ 

ဂီဆီလီသည် (၂၀၀၉)ခုနှစ်က အမေရိကန်ဘောလုံး အားကစားသမား တွမ်ဘရာဒီနှင့် လက်ထပ်ခဲ့ပြီး ဗီဗီယန်၏ အထက်တွင် (၃)နှစ်အရွယ် သားကြီး ဘင်ဂျမင်ကိုလည်း မွေးဖွားထားသည်။

Myawady News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time