(ထိုင်းဝန်ကြီးချုပ် ဖြုတ်ချရန် ဘန်ကောက်မြို့အား အလုံးစုံပိတ်ဆို့ရေး ပြုလုပ်နေသည့် အတိုက်အခံ ဆန္ဒပြသူများကို ဇန်န၀ါရီ ၁၃ ရက်က ဘန်ကောက်မြို့တွင်း တစ်နေရာတွင် တွေ့ရစဉ် (Photo: AFP)) |
RangonNewsDaily:: January . 14 .2014
ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို ဖြုတ်ချရန်အတွက် အရှိန်မြှင့်နေသည့် သောင်းနှင့်ချီသော အတိုက်အ
ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို ဖြုတ်ချရန်အတွက် အရှိန်မြှင့်နေသည့် သောင်းနှင့်ချီသော အတိုက်အ
ခံ
ဆန္ဒပြသူများသည် ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေးစတင်ပြုလုပ်ရန်
ကြိုးပမ်းသည့်အနေဖြင့်ဇန်န၀ါ
ရီ ၁၃ ရက်တွင် ဘန်ကောက်မြို့ အလယ်ပိုင်းရှိ
အဓိကလမ်းများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည်
ရွေးကောက်တင်မြှောက်စရာမလိုသည့် ပြည်သူ့ကောင်စီတစ်ရပ်ဖြင့်အစားထိုးရန်အတွက်
ဝန်ကြီးချုပ် နုတ်ထွက်ပေးရန်လိုလားနေခြင်း ဖြစ်သည်။ယင်းပြည်သူ့ကောင်စီကယင်လက်၏ဘီလျံနာ မိသား
စု နိုင်ငံရေးအပေါ်
သြဇာလွှမ်းမိုးနေမှုကို ဖြတ်တောက်ရန်နှင့် ငွေကြေးလွှမ်းမိုးသည့် နိုင်ငံရေး
အစဉ်အလာ ပိုမိုကျယ်ပြန့် လာမှုကို ကိုင်တွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ရေးကို ဆောင်ရွက်မည်ဟု ဆို
သည်။
အလံများ ကိုင်ဆောင်ဝှေ့ယမ်းနေသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် မြို့၏အဓိက လမ်း
အလံများ ကိုင်ဆောင်ဝှေ့ယမ်းနေသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် မြို့၏အဓိက လမ်း
ဆုံများတွင် စုဝေးနေရာ ယူထားပြီး စကားပြောစင်မြင့်များ၊ အိပ်စက်ရန်
ယာယီတဲများနှင့် အခမဲ့ အစားအစာ
များ ဝေငှရန် နေရာများ တည်ဆောက် ထားကြကြောင်း
သိရသည်။
ကောင်းစွာ စုစည်းထားသော ဆန္ဒပြသည့် လှုပ်ရှားမှုက ယင်လက်နုတ်ထွက် ပေးသည်အထိ ဘန်ကောက်
မြို့၏ အစိတ်အပိုင်းများကို သိမ်းပိုက်ထားရန်ကတိသစ္စာ
ပြုထားပြီးရှင်နာဝပ်မိသားစုသာ အာဏာပြန်ရလိမ့်
မည်ဟုစိုးရိမ်ရသော
ဖေဖော်ဝါရီ ရွေးကောက်ပွဲမကျင်းပနိုင်အောင် ပြုလုပ်သွားမည်ဟု
ခြိမ်းခြောက်ထား
သည်။
ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က “ဒါဟာ
ပြည်သူ့တော်လှန်ရေး တစ်ရပ်ပါ။ ဆန္ဒပြသူတွေရဲ့ မျက်လုံးထဲမှာ ယင်လက်ဟာ
ဝန်ကြီးချုပ် မဟုတ်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။
ဆူသက်သည် အင်အားကြီး အတိုက်အခံပါတီ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုအတွက် လူသတ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရဖူး
ဆူသက်သည် အင်အားကြီး အတိုက်အခံပါတီ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုအတွက် လူသတ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရဖူး
သည်။ ဆန္ဒပြသူများက ရက်အနည်းငယ်အတွင်း
ယင်လက် နုတ်မထွက်ပေးပါက စတော့အိတ်ချိန်းနှင့် လေ
ကြောင်းထိန်းချုပ်ရေး
ဌာနများကိုပါ သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အစိုးရက လိုက်လျောဖွယ် မရှိသော်လည်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်
ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အစိုးရက လိုက်လျောဖွယ် မရှိသော်လည်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်
ပွဲကို ရွှေ့ဆိုင်းရန် ရွေးကောက်ပွဲ ကော်မရှင်၏ အဆိုပြုချက်ကို
ဆွေးနွေးရန်အတွက် ဇန်န၀ါရီ ၁၅ ရက်တွင်
ဆွေးနွေးမှုများ ပြုလုပ်ရန်
ဘက်ပေါင်းစုံကို ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။
ပိတ်ဆို့မှုများစတင်ပြုလုပ်ပြီးနောက်နာရီအနည်းငယ်အတွင်းဆန္ဒပြသူများ၏ လှုပ်ရှားမှုများ ပျံ့နှံ့မှုများကြောင့်
ပိတ်ဆို့မှုများစတင်ပြုလုပ်ပြီးနောက်နာရီအနည်းငယ်အတွင်းဆန္ဒပြသူများ၏ လှုပ်ရှားမှုများ ပျံ့နှံ့မှုများကြောင့်
ဘန်ကောက်မြို့ရှိ အဓိကကျသော
စီးပွားရေးဇုန်များနှင့် ဟိုတယ်ဇုန်များ ပိတ်ဆို့သွားခဲ့ကြောင်း သိရသည်။
ကျောင်းအများစုကို ပိတ်လိုက်ရသော်လည်း လူဦးရေ ၁၂ သန်းခန့် နေထိုင်သော
ဘန်ကောက်မြို့သည် လွန်
ခဲ့သည့် နှစ်ကတည်းက ကြီးမားသော ဆန္ဒပြပွဲများနှင့်
ယဉ်ပါးနေသည် ဖြစ်သောကြောင့် မြို့တော်အနေဖြင့် လုံးဝရပ်ဆိုင်းသွားဖွယ်
မရှိဟု ဆိုသည်။
Eleven Media , kolatt(PBDN)
RangonNewsDaily
Eleven Media , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment