RangonNewsDaily:: January . 14 .2014
ကြည့်မြင်တိုင်မြို့နယ်အတွင်း ရထားသံလမ်းအနီး အမှိုက်ပုံးမှ ပစ္စည်းဟောင်းများ ရှာဖွေကောက်ယူသူ အမျိုး
ကြည့်မြင်တိုင်မြို့နယ်အတွင်း ရထားသံလမ်းအနီး အမှိုက်ပုံးမှ ပစ္စည်းဟောင်းများ ရှာဖွေကောက်ယူသူ အမျိုး
သမီးတစ်ဦးသည် ဇန်န၀ါရီ ၉ ရက်
နံနက် ၁၀ နာရီခန့်က ကျည်ဆန်များကောက်ယူရရှိခဲ့သည်။
လှိုင်သာယာမြို့နယ်အမှတ်(၁၈)ရက်ကွက် အနော်မာလမ်းနေ မမျိုးပပစမ်း အသက်
(၂၈)နှစ်သည် မီးရထား
သံလမ်းတစ်လျှောက် ပစ္စည်းဟောင်းများရှာဖွေကောက်ယူခဲ့ရာ
ကြည့်မြင်တိုင် မီးရထားဝန်းအနီးရှိ အမှိုက်ပုံး
မှ ပလတ်စတစ်ဆေးဘူးဟောင်း
အဖြူရောင်အတွင်းမှ သေနတ်ကျည်ဆန်များကို ကောက်ယူရရှိခဲ့သည်။
မမျိုးပပစမ်းက ကျည်ဆန်များကို စမ်းချောင်းမြို့နယ် ဟုမ်လမ်းဘူတာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အပ်နှံခဲ့သည်။
၎င်းကောက်ယူရရှိသည့်နေရာမှာ ကြည်မြင်တိုင်မြို့နယ် ရဲစခန်းအပိုင်းနယ်မြေဖြစ်၍ ကြည့်မြင်တိုင်မြို့မရဲ

စခန်းမှ ဒုတိယရဲအုပ် မိုးကျော်နှင့်အတူရပ်ကွက်မှ
တာဝန်ရှိသူများက ပြန်လည်သိမ်းဆည်းခဲ့သည်။
ကောက်ယူရရှိသည့်ကျည်ဆန်များမှာ၃၈ ခြောက်လုံးပြူးသေနတ်ကျည်ဆန်ခုနှစ်တောင့်၊စတင်းဂန်းသေနတ်
ကောက်ယူရရှိသည့်ကျည်ဆန်များမှာ၃၈ ခြောက်လုံးပြူးသေနတ်ကျည်ဆန်ခုနှစ်တောင့်၊စတင်းဂန်းသေနတ်
ကျည်ဆန်နှစ်တောင့်ဖြစ်ကြောင်းသိရသည်။
ကောက်ယူသူမမျိုးပပစမ်းအား တွေ့ရှိသည့်နေရာသို့လိုက်လံပြသခိုင်းပြီးထပ်မံရှာဖွေခဲ့ရာ နောက်ထပ်တွေ့
ကောက်ယူသူမမျိုးပပစမ်းအား တွေ့ရှိသည့်နေရာသို့လိုက်လံပြသခိုင်းပြီးထပ်မံရှာဖွေခဲ့ရာ နောက်ထပ်တွေ့
ရှိခြင်းမရှိဟုသိရသည်။
တွေ့ရှိထားသောသေနတ်ကျည်ဆန်များနှင့်အတူ မမျိုးပပစမ်းအား ဒုတိယရဲအုပ်
မိုး
ကျော်နှင့်အဖွဲ့က မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
The Mirror Daily , kolatt(PBDN)
RangonNewsDaily
The Mirror Daily , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment