RangonNewsDaily:: December . 15 .2013
မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ တစ်ရက်တည်း ကြိုးဆွဲချ သေဆုံးမှုသုံးမှု ဖြစ်ပွားခဲ့
ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။ တကောင်းမြို့ ကျောက်အိုက် ကျေးရွာ
တွင်အမျိုးသမီးတစ်ဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ယင်းရွာရှိ ဝါးပိုးရုံ ကုန်းခင်း၊ ကြံခင်းအတွင်းရှိ တဲနှင့်
ကိုက် ၂၀၀ ခန့် အကွာတွင်ရှိသော အမြင့်ရှစ်ပေခန့်ရှိ ဝါးရုံပင်၏ ခွဆုံ၌ အရှည်ကိုးပေခန့်ရှိ အဖြူရောင် နိုင်
လွန်ကြိုးကို လည်ပင်းတွင် ကွင်းလျော အနေအထားဖြင့် ကြိုးဆွဲချ၍ သေဆုံးနေကြောင်း အဆိုပါရုံးမှ တာဝန်
ရှိသူတစ်ဦးက ပြောကြားသည်။
ကြိုးဆွဲချ သေဆုံးနေသည့် ၁၆ နှစ်အရွယ် မိန်းကလေးသည် လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်က အိမ်မှ
ပျောက်ဆုံးသွားခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် အချိန်တွင် ၎င်းကို ကြိုးဆွဲချ သေဆုံး
လျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အလောင်းကို စစ်ဆေးရာ ယာလက်မောင်း အရင်းထိ အသားများမပါ အရိုးသာ ကျန်ရှိပြီး အလားတူ ယာခြေထောက် ခြေမျက်စိ အောက်တွင်လည်း အသားများမပါ အရိုးသာ ကျန်
ရှိ၍ တောသတ္တဝါများ စားထားပုံရသည်ဟု ယူဆ ရကြောင်း၊
အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/
၂၀၁၃ ဖြင့် အမှုစုံစမ်းစစ်ဆေးလျက် ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
မိုးကုတ်မြို့ ကုန်းမြင့်သာရပ်ရှိ နေအိမ်တွင်လည်း ဦးကစ္စနား (၄၀ နှစ်) သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် ၎င်း၏နေအိမ်၌ တစ်ဦးတည်း ရှိနေစဉ် အမြင့်ရှစ်ပေခန့်ရှိ နေအိမ်ထုပ်တန်းတွင် လက်သန်းလုံးခန့်ရှိပလတ်စတစ်ကြိုးဖြင့်ကြိုးဆွဲချလျက်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးနေေ ကြာင်း
၊ ယင်းသေမှုသေခင်းကိုမိုးကုတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၉/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေး
လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် ရမည်းသင်းမြို့နယ် ပေါက်တောကျေးရွာရှိ စပျစ်ခြံတွင်လည်း ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီက အမြင့်ရှစ်ပေရှိသော သရက်ပင်ဆုံခွတွင် ဦးစိုးလွင် (၅၃နှစ်) သည် ချည်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေ
ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ထပ်မံစစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေခဲ့ကြောင်း ရမည်း
သင်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
ယင်းသေမှုသေခင်းနှင့် ပတ်သက်၍ ရမည်းသင်း ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၃ ဖြင့် အမှု
ဖွင့် စစ်ဆေးလျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ သေမှုသေခင်းများတွင် ကြိုးဆွဲချ သေ
ဆုံးသူ ၉၉ ဦး ရှိပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား
သည်။
The Voice , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment