RangonNewsDaily:: December . 15 .2013
တစ်ကမ္ဘာလုံးရှိ အဖိနှိပ်ခံဘ၀များ၏ သင်္ကေတ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆန်မင်ဒဲလား ကွယ်
တစ်ကမ္ဘာလုံးရှိ အဖိနှိပ်ခံဘ၀များ၏ သင်္ကေတ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆန်မင်ဒဲလား ကွယ်
လွန်ချိန်မှစတင်ကာဘီဘီစီသတင်းဌာနသည်
မင်ဒဲလားနှင့်ပတ်သတ်သော အစီအစဉ်များသာ အဓိက ထုတ်
လွှင့် နေခဲ့သည့်အတွက်
ရေဒီယိုနှင့်ရုပ်သံပရိသတ်ပေါင်း၁၈၃၄ဦးကမကျေမနပ်ကြောင်း
ဝေဖန်ပြောကြား
ခဲ့ပြီး ဖြစ်သည်။ထိုမျှမကဘီဘီစီ-၁၊ဘီဘီစီ-၂ တို့မှတိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုအစီအစဉ်များတွင်လည်း
၂၄နာရီရှိသည့်အနက၂၁နာရီမှာမင်ဒဲလားနှင့်ပတ်သတ်သောကိစ္စများသာဖြစ်နေသည်ဟု သူ၏ ပရိတ်သတ်
ထဲမှ မကျေနပ်သူတို့က ပြောကြားခဲ့သည်။
မင်ဒဲလားသည် အလွန်အလေးအမြတ် ပြုသင့်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ မှန်သော်လည်း နိုင်ငံတကာမှ မျက်မှောက်သတင်းရေးရာအများစုအတွက် တစ်ပတ်လုံး နေရာမရှိ ဖြစ်နေသည်ကို သတင်းကြိုက်သော ပရိ
မင်ဒဲလားသည် အလွန်အလေးအမြတ် ပြုသင့်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ မှန်သော်လည်း နိုင်ငံတကာမှ မျက်မှောက်သတင်းရေးရာအများစုအတွက် တစ်ပတ်လုံး နေရာမရှိ ဖြစ်နေသည်ကို သတင်းကြိုက်သော ပရိ
သတ်အချို့အတွက်စိတ်ကွက်စရာ
ဖြစ်ခဲ့ရသည်။အမှန်တကယ်တွင်လည်းမင်ဒဲလားကွယ်လွန်သည့်အကြောင်း
ကို
သတင်းယူပုံကြည့်လျှင် ဘီဘီစီသည် အခြား သတင်းဌာနများထက် သတင်းထောက်အင်အား
အနည်းဆုံး ပိုမိုများပြားစွာ သုံးစွဲထားသည်ကို တွေ့ရသည်။
ဒီဇင်ဘာ ၅ရက်က မင်ဒဲလား ကွယ်လွန်သွားသည်နှင့် ဘီဘီစီသည် ထုတ်လုပ်ရေးဝန်ထမ်းနှင့် စာနယ်ဇင်း သမားပေါင်း ၁၄၀ဦးကို တောင်အာဖရိကသို့ ပို့ခဲ့သည်။ အခြားအသံလွှင့်ဌာနများကို ကြည့်လျှင် Sky News က ၀န်ထမ်း ၁၅ဦး၊ ITV နှင့် Channel 4 က ၉ဦးစီနှင့် Channel 5 က လေးဦးသာ ပို့ခဲ့သည်။

ထိုမျှမက
အလုပ်သမားရေးရာမှ ပါလီမန်အဖွဲ့ ပီတာဟိန်းကိုလည်း Question Time ကဏ္ဍတွင်
ခုံသမာဓိတစ်
ဦးအဖြစ်တာဝန်ယူစေသည်အထိအင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။မစ္စတာပီတာဟိန်းလိုပုဂ္ဂိုလ်များကို
ရှစ်ဦတိတိကို အစီအစဉ်အတွက် ငွေကြေး
ပေါင်ထောင်ချီကာာ အကုန်အကျခံ စီစဉ်ပေးခဲ့သည်။
ကွန်ဆာဗေးတစ်သမားတစ်ဦဖြစ်သောပါလီမန်အမတ် ဒေးဗစ်ဒင်ဘလက်ကဘီဘီစီသည်ယခုကိစ္စအတွက်
ကွန်ဆာဗေးတစ်သမားတစ်ဦဖြစ်သောပါလီမန်အမတ် ဒေးဗစ်ဒင်ဘလက်ကဘီဘီစီသည်ယခုကိစ္စအတွက်
ရံပုံငွေကို လိုသည်ထက်ပိုသုံးနေကြောင်း၊ တစ်ပါးသူတို့၏
ငွေများကို ပေါပေါလောလောသုံးနေကြောင်းနှင့် ကြည့်ရှုသူများသည်
ရုပ်သံလိုင်းကို ကြည့်ရှုနားဆင်ရန် ကိုယ်ပို်င်ငွေများထဲမှ
ဖဲ့ပေးနေကြသည်ကို သတိထား
သင့်ကြောင်း ဝေဖန်ထား သည်။
ဘီဘီစီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နယ်လ်ဆင်မင်ဒဲလားသည် တစ်ကမ္ဘာလုံး၏ အထင်ရှားဆုံး ခေါင်း
ဘီဘီစီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နယ်လ်ဆင်မင်ဒဲလားသည် တစ်ကမ္ဘာလုံး၏ အထင်ရှားဆုံး ခေါင်း
ဆောင်တစ်ဦးဖြစ်ကြောင်း၊သူ၏ နောက်ဆုံးခရီးကို
ပြည်တွင်းသာမက ကမ္ဘာတစ်ဝန်းလံးက သန်းနှင့်ချီသော ဘီဘီစီ ပရိတ်သတ်များက
စိတ်ဝင်တစား ကြည့်ရှုနားဆင်နေကြကြောင်း ပြန်လည်တုံြ့ပန်ခဲ့သည်။
Ref: Daily Mail
Myanma Age , kolatt(PBDN)
RangonNewsDaily
Ref: Daily Mail
Myanma Age , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment