(ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့၏ အသိပေး ထုတ်ပြန်ချက်များကို သပိတ်စခန်းအနီး ကပ်နေစဉ်) |
RangonNewsDaily:: December . 8 .2013
မိကျောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ဖယ်ရှားရန်မြို့နယ်အထွေ
မိကျောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ဖယ်ရှားရန်မြို့နယ်အထွေ
ထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့က ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲ အမိန့်ထုတ်ပြန်ခဲ့သည်။ယင်းအမိန့်အား သပိတ်စခန်း ဖွင့်လှစ်ရာအနီး ည ၁၀ နာရီခွဲခန့်တွင်
လာရောက်ကပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ
အမိန့်စာထဲ၌ "ရန်ကုန်တိုင်းဒေသကြီး၊
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း
(၁) ၊
ဝေဇယန္တာလမ်းရှိ မြစာရံအေး စေတီအနီးတွင်ခွင့်ပြုချက်မဲ့
ဆန္ဒထုတ်ဖော်ခြင်းသည် ရက်ကြာလာသည့်
အတွက်ပတ်ဝန်းကျင်ရှိ အများပြည်သူတို့အားစိတ်အနှောင့်အယှက် ဖြစ်ပေါ်စေပြီး ဥပဒေနှင့် မညီညွတ်သော
အစုအဝေးဖြစ်ကြောင်းသုံးသပ်ရရှိသဖြင့်ဒီဇင်ဘာ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား
ဖယ်ရှားပေးရန်နှင့်
လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေနှင့်ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း" ဖော်ပြပါရှိပြီး မြို့နယ်
အထွေထွေ
အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါရှိသည်။
အလားတူ တပ်မြို့စည်ပင်သာယာရေး ကော်မတီကလည်း တပ်မတော်ပိုင် ခြံစည်းရိုးရှေ့ဘက်တွင် ဖွင့်လှစ်
အလားတူ တပ်မြို့စည်ပင်သာယာရေး ကော်မတီကလည်း တပ်မတော်ပိုင် ခြံစည်းရိုးရှေ့ဘက်တွင် ဖွင့်လှစ်
ထားသည့်
သပိတ်စခန်းအား လုံခြုံရေးအရ ဆက်လက်ခွင့် မပြုနိုင်ပါကြောင်းနှင့် ဒီဇင်ဘာ ၉
ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက
ဆန္ဒထုတ်ဖော်သူများအားလုံးကို တည်ဆဲဥပ
ဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
ဖြစ်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ပြီး တပ်မြို့စည်ပင်သာယာရေး
အဖွဲ့ရုံး(ရန်ကုန်)၏ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသည်။
သပိတ်မှောက်သူများဘက်ကမူ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ပြောကြားကြသည်
သပိတ်မှောက်သူများဘက်ကမူ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ပြောကြားကြသည်
။ မြေကွက်ပြန်လည်ရရှိရေး ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက
"အန်တီတို့ဘက်ကတော့ နှစ်နဲ့လနဲ့ ချီရင်
ချီသွားပါစေ။ ဒီနေရာက မထဘူး။
တကယ်လို့ သူတို့ဘက်က အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသက်အ
သေခံ
တိုက်ပွဲဝင်သွားမယ်"ဟု ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က ပြောကြားသည်။
အလားတူ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်သောင်းခင်က "အဒေါ်တို့ကတော့ ကိုယ့် မြေပြန်မရမချင်း ဒီနေရာ
အလားတူ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်သောင်းခင်က "အဒေါ်တို့ကတော့ ကိုယ့် မြေပြန်မရမချင်း ဒီနေရာ
က လုံးဝမထနိုင်ပါဘူး။ သရဏဂုံလည်း တင်ပြီးပါပြီ။
အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသေခံသွားမယ်။ ဒီနေ့လည်း
ခြံစည်းရိုးလာခတ်တဲ့သူတွေက တွန်းလို့ အဒေါ်လဲကျသွားပြီး လက်ကျိုးသွားတယ်။
ခုကျောက်
ပတ်တီး ကိုင်ထားရတယ်။ မြေပြန် မရမချင်း မထပါဘူး"ဟု ပြောကြားခဲ့သည်။
မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂ ရက်အကြာ ယခုကဲ့သို့ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။
Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:
Post a Comment