RangonNewsDaily:: December . 8 .2013
ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်
ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်
စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍
သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို မောင်ဖြစ်
ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ၆ ရက်နံနက် ၃ နာရီခွဲကဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်းလသာအမှတ်(၂)အထက်တန်းကျောင်း
ဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့်
မတ်ခ်တူးအမျိုးအစားကားတစ်စီးသည် လမ်းမတော်လမ်းနှင့်
မြို့မ
ကျောင်းလမ်းမီးပွိုင့်အရောက်၌ မြို့မကျောင်းလမ်းဘက်မှလမ်းမတော်ဘက်သို့မောင်းလာသည့်ဝက်သားခြမ်း
များတင်လာသည့်
ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။
“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်
“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်
ချင်းတွေပါတယ်ပြောတယ်။
ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်းလှည်းတွေနဲ့ လာသယ်ကြ
တယ်။ဝက်သားခြမ်းတွေသံဈေးလာပို့တဲ့ကားပေါ်ကဒရိုင်ဘာနဲ့ နောက်တစ်ယောက်တော့ပွဲချင်းပြီးသေသွား
တယ်”ဟုယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီးတွင်
နေထိုင်သူအမျိုးသားကြီးတစ်ဦးကပြောသည်။မိုးဟေကို
တွင် မောင်နှမသုံးဦးရှိပြီး အဆိုတော်လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။
မတ်ခ်တူးကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင်နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်းသိရသည်။ယာဉ်
မတ်ခ်တူးကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင်နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်းသိရသည်။ယာဉ်
တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄
(က) /၃၃၈/၃၃၇/၂၇၄
တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment