Pages

Monday, December 9, 2013

တောမှာ လယ်သိမ်း၊ မြို့မှာ အားကစားကွင်းသိမ်းသု ခရိုနီများအား ဆန့်ကျင်ဆန္ဒပြ

Photo: တောမှာ လယ်သိမ်း၊ မြို့မှာ အားကစားကွင်းသိမ်းသု ခရိုနီများအား ဆန့်ကျင်ဆန္ဒပြ
Monday, December 9, 2013

သိမ်ဖြူဘောလုံးကွင်းတွင် စည်ပင်နှင့် Asia Myanmar Consortium Development Co.,Ltd တို့ အကျိုးတူပူးပေါင်းပြီး တည်ဆောက်မည့် ဟိုတယ်ပါ ၂၂ ထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မည့် အစီအစဉ်ကို ကန့်ကွက်သည့်အနေနှင့် ပြည်သူများ ယနေ့ (ဒီဇင်ဘာ ၉ ရက်) မွန်းလွဲ ၃ နာရီခန့်က သိမ်ဖြူကွင်းမှ မြို့တော်ခမ်းမရှေ့အထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဘယ်ရောက်နေလဲ”၊ “ပြည်သူအားကစားကွင်း အခုပြန်ပေး”၊ “ပြည်သူအကျိုးမရှိတဲ့ စီမံကိန်းများအခုရပ်”၊ “စီးပွားရေး အမြတ်ထုတ် အနိုင်ကျင့်မှု အလိုမရှိ“ အစရှိသည့် ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများဖြင့် အင်အား ၁၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

စစ်ကြောင်းဦးစီးများက “တောမှာတောင်သူလယ်သမားတွေပိုင်တဲ့ လယ်ယာမြေတွေသိမ်းပြီး မြို့မှာ အားကစားကွင်းတွေကိုသိမ်းတယ်၊ ဒါပြည်သူပိုင်တဲ့ မြေတွေဖြစ်တယ်၊ ဒါကို သူတို့အကျိုးစီးပွားအတွက် သိမ်းတာ၊ အမြန်ဆုံးပြန်ပေးရမယ်” ဟု ကြွေးကြော်ကြသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက စစ်ကြောင်းအဆုံးမြို့တော်ခမ်းမရှေ့ တွင် ဆန္ဒပြသူများကို မိန့်ခွန်းပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: December . 9 .2013
သိမ်ဖြူဘောလုံးကွင်းတွင် စည်ပင်နှင့် Asia Myanmar Consortium Development Co.,Ltd တို့ အကျိုးတူပူးေ
ပါင်းပြီးတည်ဆောက်မည့်ဟိုတယ်ပါ၂၂ ထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မည့်အစီအစဉ်ကိုကန့်ကွက်
သည့်အနေနှင့် ပြည်သူများယနေ့ (ဒီဇင်ဘာ ၉ ရက်)မွန်းလွဲ ၃ နာရီခန့်က သိမ်ဖြူကွင်းမှ မြို့တော်ခမ်းမရှေ့
အထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများက “ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဘယ်ရောက်နေလဲ”၊ “ပြည်သူအားကစားကွင်း အခုပြန်ပေး”၊ “ပြည်
သူအကျိုးမရှိတဲ့ စီမံကိန်းများအခုရပ်”၊ “စီးပွားရေး အမြတ်ထုတ် အနိုင်ကျင့်မှု အလိုမရှိ“ အစရှိသည့် ကြွေး
ကြော်သံများ၊ ဗီနိုင်းပိုစတာများဖြင့် အင်အား ၁၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

စစ်ကြောင်းဦးစီးများက “တောမှာတောင်သူလယ်သမားတွေပိုင်တဲ့ လယ်ယာမြေတွေသိမ်းပြီး မြို့မှာ အားက
စားကွင်းတွေကိုသိမ်းတယ်၊ ဒါပြည်သူပိုင်တဲ့ မြေတွေဖြစ်တယ်၊ ဒါကို သူတို့အကျိုးစီးပွားအတွက် သိမ်းတာ၊ အမြန်ဆုံးပြန်ပေးရမယ်” ဟု ကြွေးကြော်ကြသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက စစ်ကြောင်းအဆုံးမြို့တော်ခမ်းမရှေ့ တွင် ဆန္ဒပြသူများကို မိန့်
ခွန်းပြောကြားခဲ့သည်။

News Watch Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment