Pages

Sunday, November 24, 2013

ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်

Photo: ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်
Saturday, November 23, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက် ရှိနေသည့် ခုံးကျော်တံတား တစ်ခုဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘုရင့်နောင်ခုံးကျော် တံတားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ပြီး တံတားအလယ်ပိုင်းအလွှာ လမ်းကြောင်းကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင်ကျန်ရှိနေသည့် အပေါ်ဆုံးအလွှာ ခုံးကျော်တံတား လမ်းကြောင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြု ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း လမ်း/ တံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI Co.Ltd မှ တာဝန်ယူ တည်ဆောက်နေပြီး ကျပ် ၂၆ ဘီလျံခန့် ကုန်ကျနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ဇွန်လ အတွင်းက The Daily Eleven သတင်းစာနှင့် သီးသန့်တွေ့ဆုံ အင်တာဗျူးတွင် ဖြေကြားထားခဲ့သည်။

ထို့ပြင် ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Capital Development Co.ltd မှ စီမံကိန်း ဒါရိုက်တာ၏ ပြောကြားချက်အရ သိရသည်။

ယင်းရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၁၇ ဘီလျံ ကုန်ကျနိုင်သည်ဟုလည်း မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။

(နိုဝင်ဘာ ၂၂ ရက်က ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာ တည်ဆောက်ပြီးစီး နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

Eleven Media Group
(နိုဝင်ဘာ ၂၂ ရက်က ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာ တည်ဆောက်ပြီးစီး နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
RangonNewsDaily:: November . 24 .2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက် ရှိနေသည့် ခုံးကျော်တံတား တစ်ခုဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘုရင့်နောင်ခုံးကျော် တံတားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ပြီး တံတားအလယ်ပိုင်းအလွှာ လမ်းကြောင်းကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင်ကျန်ရှိနေသည့် အပေါ်ဆုံးအလွှာ ခုံးကျော်တံတား လမ်းကြောင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြု ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း လမ်း/ တံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI Co.Ltd မှ တာဝန်ယူ တည်ဆောက်နေပြီး ကျပ် ၂၆ ဘီလျံခန့် ကုန်ကျနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ဇွန်လ အတွင်းက The Daily Eleven သတင်းစာနှင့် သီးသန့်တွေ့ဆုံ အင်တာဗျူးတွင် ဖြေကြားထားခဲ့သည်။

ထို့ပြင် ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Capital Development Co.ltd မှ စီမံကိန်း ဒါရိုက်တာ၏ ပြောကြားချက်အရ သိရသည်။

ယင်းရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၁၇ ဘီလျံ ကုန်ကျနိုင်သည်ဟုလည်း မြို့တော်ဝန်
၏ ပြောကြားချက်အရ သိရသည်။

 
Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment