Pages

Sunday, November 24, 2013

ကျောင်းဆရာမနှင့်စာရေးမအား ပြည်သူ့စစ်ခေါင်းဆောင်က ရိုက်နှက်

RangonNewsDaily:: November . 24 .2013
ရှမ်းပြည်နယ်၊ နမ်းစန်မြို့တိုင်းကောင်းလွယ်ယင်ကျေးရွာတွင် နိုဝင်ဘာ ၂၁ရက်ညနေ ၃နာရီက ကျောင်း
ဆရာမနှင့် စာရေးမနှစ်ဦးအား ပြည်သူ့စစ်ခေါင်းဆောင်က သေနက်ဖြင့် ရိုက်နှက်မှုဖြစ်ပွားကြောင်း ဒေသခံ
များထံမှ သိရသည်။
နမ့်စန်မြို့တွင်ေ နထိုင်သော အလယ်တန်းပြ ဆရာမဒေါ်လှမျိုးသွယ်နှင့် ကျောင်းစာရေးမ ဒေါ်နန်နွမ်မ်တို့
သည်၎င်းတို့တာဝန်ကျ တိုင်း ကောင်းလွယ်ယင်ကျေးရွာစာသင်ကျောင်းမှနမ်စန်မြို့သို့ ဆိုင်ကယ်ဖြင့်အပြန်
ပအိုဝ့်ပြည်သူ့စစ်ခေါင်းဆောင် အိမ်ရှေ့အရောက် ပအိုဝ့် ပြည်သူ့စစ်ခေါင်းဆောင်၏မြေးမှ ဖြတ်ပြေးရာ ဆိုင်
ကယ်ဖြင့်ပွတ်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဆိုင်ကယ်ဖြင့်ပွတ်မိသောကြောင့် ပအိုဝ်ပြည်သူ့စစ်ခေါင်းဆောင်မှ ဆရာနှစ်ဦးအား ဆိုင်ကယ် ဦးထုပ်

ချွတ်ကာ သေနတ်ဒင်ဖြင့် ထုရိုက် မှုကြောင် နှစ်ဦးစလုံးဦးခေါင်းပေါက်ကာနမ့်စန်ပြည်သူ့ဆေးရုံကြီးတွင် နှစ်
ချက်ချုပ်ခဲ့ရကြောင်း ကာယကံရှင်နှင့် နီးစပ်သူက ပြောကြားသည်။

"ဆရာမဒေါ်လှမျိုးသွယ် ယောင်္ကျားက နမ့်စန်ရဲစခန်းက ဒုရဲအုပ်ပါ။ ဘယ်သူက အဲဒီ့လိုဖြစ်တာ ကျေနပ်မှာလဲ

။ အထက်ကို မလွန်ဆန်နိုင်လို့ ပါ”ဟု ကာယကံရှင်နှင့် နီးစပ်သူများက ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားပြီး နိုဝင်ဘာ ၁၂ရက် ည ၁၁နာရီတွင် ပအိုဝ်ပြည်သူ့စစ်ခေါင်းဆောင်ဘက်မှ တောင်းပန်

မှုနှင့် စခန်းမှူး၏ ပြောကြားချက်အရ ဆရာမနှစ်ဦးမှ ကျေအေးကြောင်း လက်မှတ်ထိုးပေးရကြောင်း ကာယ
ကံရှင်နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time