Pages

Saturday, November 2, 2013

လျှပ်စစ်ဓာတ်အားသုံးစွဲသူ အများပြည်သူသို့ အသိပေးပန်ကြားခြင်း

RangonNewsDaily:: November . 2 .2013
၁။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက် ပြီးစီးတော့မည့် (၂_၁၂၀)မဂ္ဂါဝပ် ရွာမသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ဓာတ်အားကို လက်ခံ ပို့လွှတ်နိုင်ရန်အတွက်၂၃၀ ကေဗွီ လှိုင်သာယာ ပင်မဓာတ်အားခွဲရုံ တွင် ၂၃၀ ကေဗွီအဝင် ဓာတ်အား လိုင်းများ ပြုပြင်တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံတွင် ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်းတို့ကို ဆောင် ရွက်ရန် လိုအပ်ပါသည်။

၂။ လှိုင်သာယာပင်မ ဓာတ်အား ခွဲရုံတွင် ဖော်ပြပါ လုပ်ငန်းများ အား ဓာတ်အားပိတ်ဆောင်ရွက် ရမည် ဖြစ်ပါ၍အောက်ပါနေ့ရက် အချိန်များတွင် ဓာတ်အား ပြတ် တောက်မှုများ ရှိမည်ဖြစ်ပါ ကြောင်း အသိပေးအပ်ပါသည်။

(က) ဘုရင့်နောင် ပင်မ ဓာတ်အားခွဲရုံကို ၂- ၁၁-၂၀၁၃ရက် (စနေ နေ့) ၀၆း၀၀ နာရီမှ ၃-၁၁-၂၀၁၃ ရက် (တနင်္ဂနွေနေ့)၁၈း၀၀ နာရီအထိ ဓာတ်အား ပိတ်ထားမည်ဖြစ်ရာ အခြားဓာတ်အားခွဲရုံ မှ ဓာတ်အား အစား ထိုး ပေးရမည်ဖြစ်ပါ သဖြင့် မရမ်းကုန်း မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ ရပ်ကွက်တို့တွင် လည်းကောင်း၊ လှိုင် မြို့နယ်၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရပ်ကွက်တို့တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ ရပ်ကွက် တို့နှငဲ့်ကညခအငသည ဃနညအနမ တွင် လည်းကောင်း၊ စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ ကျွန်းလယ်(တောင်)၊ မြောက်ရပ်ကွက်တို့တွင်လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗိုလ် စောပု၊ သရက်တော(တောင်)၊ (မြောက်)၊ သာဓုအရှေ့၊ အနောက်၊ မကျီးကန်ရပ်ကွက်တို့နှင့် မြို့တော်သတင်းစာတိုက်တို့တွင် လည်း ကောင်း အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ် ပါသည်။

(ခ) လှိုင်သာယာပင်မဓာတ်အားခွဲရုံကို ၃-၁၁-၂၀၁၃ ရက် (တနင်္ဂ နွေနေ့) နံနက် ၈ နာရီမှ ၁၈ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ရာ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာ၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်၊ ကျိုက်ထော်မြို့၊ လက်ခုတ်ကုန်းမြို့တို့၌ ၁၀ နာရီကြာ လုံးဝဓာတ်အား ပြတ်တောက်နေမည်ဖြစ်သည်။

၃။ ယင်းသို့ဓာတ်အားဖြတ်တောက်၍လုပ်ငန်းဆောင်ရွက်ရခြင်းသည် လာမည့်နွေရာသီကာလအတွင်း ရန်ကုန်မြို့တော်နေ အများပြည်သူများဓာတ် အားပြည့်ဝစွာရရှိရေးအတွက် မဖြစ်မနေဆောင်ရွက်ရန် လိုအပ် သည့်လုပ်ငန်း ဖြစ်၍ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့် လူမှု ရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် အနူးအညွတ်တောင်းပန်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့

0 comments:

Post a Comment

 
world time