RangonNewsDaily:: November . 2 .2013
နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ချောက်အတွင်း မီးပွိုင့်၌ ဆန်များတင်ဆောင် လာသော ကုန်တင်ယာဉ် ကင်တာတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ အထက်ကြည့်မြင်တိုင် လမ်းမအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မျိုးမင်းထွန်း (၃၂ နှစ်) မောင်းနှင်

လာသော ၉ခ/---- ကင်တာ ကုန်တင်ယာဉ်မှာ
မီးပွိုင့်အရောက်၌ ဘရိတ်ပေါက်ကာ ညာဘက်သို့ဆွဲသွားပြီး
ချောက် အုတ်တံတိုင်း
ခံနေသည့်အတွက် ဘယ်ဘက်သို့ ပြန်လည် လဲကျတိမ်းမှောက် သွားခဲ့ကြောင်း
ဗားက
ရာကုန်းပေါ်တွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။
ကုန်တင်ယာဉ် တိမ်းမှောက်မှုကြောင့် မီးပွိုင့်တွင်ရပ်ထားသော ယာဉ်မောင်း ကိုဝင်း မျိုးသက် မောင်းနှင်

သည့် အာရာဖတ် အမျိုး အစား ၆ဃ/---- ၏
နောက်ပိုင်းသို့ ပိမိသွား ခဲ့သည်။
ထို့အပြင်ပရိုဘောက်စ်၂င/----၏ ဘေး တံခါးအား အနည်းငယ်ထပ်မံ ခြစ်မိသွားခဲ့ သည်။ ယာဉ်တိမ်းမှောက်

မှုကြောင့်
လူအထိ အခိုက်မရှိကြောင်း၊ ကုန်တင်ယာဉ်မောင်း သူကို သက်ဆိုင်ရာက
အမှုဖွင့်အရေးယူထား
ကြောင်း သိရသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း , kolatt(PBDN)
RangonNewsDaily

0 comments:
Post a Comment