Pages

Saturday, October 5, 2013

သံတွဲမြို့တွင် အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ ဖမ်းဆီးနေ

သံတွဲမြို့တွင် အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ ဖမ်းဆီးနေ


kolatt(PBDN): October. 5 .2013

သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကျေးရွာများတွင် လွန်ခဲ့သော ရက်များအတွင်း အကြမ်းဖက် မီးရှို့ ဖျက်ဆီး သတ်ဖြတ်မှုများတွင် အကြမ်းဖက်သူများကို သာမက အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ စက်တင်ဘာ ၄-ရက်နေ့မှ စတင်၍ ဖမ်းဆီးနေကြောင်း သိရပါတယ်။
::
အောက်တိုဘာ ၄-ရက်နေ့မှစတင်ကာ လင်းသီရွာသား ကမန်တိုင်းရင်းသားတချို့ကို ရွှေလှေရဲစခန်းမှ ဖမ်းဆီးသွားကြောင်းသိရသည်။ ၎င်းရဲစခန်းမှ ဖမ်းဆီးခြင်း မပြုလို သော်လည်း ပြည်နယ်မှ အမိန့်ပေးသည့်အတွက် ဖမ်းဆီးရသည်ဆိုကြောင်း လင်းသီဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၄-ရက်နေ့က ကိုတင်နောင်ထွန်းဆိုသူ လင်းသီရွာသားအား ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄-ရက် ညနေ ၄-နာရီခန့်မှာပင် သူ၏ ဇနီးဖြစ်သူ မခင်မေသန်း ခေါ် မနီ အား ရွှေလှေရဲစခန်းမှ ဖမ်းဆီးခံခ့ရဲပါတယ်။ ဓါတ်ဆီပုလင်းတွေ့သည်ဟုဆိုကာ ကိုတင်နောင်ထွန်းအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယခုကိစ္စသည် အမှုဆင် ဖမ်းဆီးခြင်း သာဖြစ်ပြီး ဆီရောင်းသည်မှာလည်း ယခင်ကတည်းက ရောင်းချလာခြင်းဖြစ်ပြီး ယခုမှ တမင်အကြောင်းပြဖမ်းဆီးခြင်းသာ ဖြစ်တယ်လို့ လင်းသီဒေသခံက ဆိုပါတယ်။
::
“ရွှေလှေရဲစခန်းက လာဖမ်းတာ။ သူတို့ကလည်းပြောတယ်။ ငါတို့ မဖမ်းချင်ပါဘူး ဒီလောက် တရင်းတနှီးပေါင်းလာကြတာ အကြောင်းသိနေတာပဲ။ 

အခုက ပြည်နယ်က အမိန့်ကြောင့် ဖမ်းရတာလို့ ပြောတယ်။ ဆီရောင်းတာ အရင်ကတည်းက ရောင်းလာတာပဲဗျာ။ ဓါတ်ဆီရောင်းတဲ့အိမ်မှာ ဒီဇယ်ဆီပုလင်းလည်း ရှိချင်ရှိမှာပေါ့။ အရင်တုန်းကကျ သူတို့ပဲ ရောင်းခွင့်ပြုထားတာလေ။ အခုမှ ဆီပုလင်းတွေ့လို့ ဖမ်းတယ်ဆိုတာက သက်သက်မဲ့ အကြောင်းပြတာပါ။ 

မနေ့ကတော့ မနီတို့ လင်မယား ၂-ယောက်ကို ဖမ်းတယ်။ ဒီနေ့လည်း အခုလည်း ၁၁-ယောက်ကို ထပ်ပြီး ဖမ်းသွားတယ်။ ရွာထဲက ယောက်ျားလေးတွေလည်း ကစဥ့်ကလျားဖြစ်နေတယ်။ အလကားနေရင်း ဖမ်းခံနေရတယ်ဗျာ။”
::
ယနေ့ အောက်တိုဘာ ၅-ရက်နေ့တွင်လည်း လင်းသီရွာသား ကမန်တိုင်းရင်းသားများဖြစ်သည့် ကိုကို၊ တင်ရွှေ၊ မောင်တင်နု၊ ထွန်းထွန်းနိုင်၊ မျိုးမင်းသွေး၊ ရန်နိုင်၊ မိုးကြိုး၊ ကြွက်ဖြူ၊ ဆရာလေး၊ တင်လှိုင်စိုး၊ အောင်သိန်း၊ တို့ ၁၁-ဦးကို ရွှေလှေရဲစခန်းမှ ရဲအုပ် တင်မောင်လွင်မှ ထပ်မံ ဖမ်းဆီးသွားသည်ဟု သိရပြီး လင်းသီရွာမှ ကမန်အမျိုးသားများအနေဖြင့် ရွာတွင် နေထိုင်ရင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေကြောင်းသိရပါတယ်။
::
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရွှေလှေရဲစခန်းသို့ တယ်လီဖုန်းဖြင့် M-Media မှ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးမှု မရှိဟု ဆိုပြီး လင်းသီရွာသားများဖမ်းဆီးမှုအား မေးမြန်းရာတွင် အလုပ်မအားလပ်၍ မဖြေနိုင်သေးပါဟုဆိုကာ ဖုန်းချသွားခဲ့ပါတယ်။

ဓါတ်ပုံအညွှန်း >> လင်းသီရွာမှ ဖမ်းဆီးခံရသူ ဒေါ်ခင်မေသန်း

ထွန်းတောက်
M-Media ::--


See More News: (www.rangonnewsdaily.blogspot.com)
ဓါတ်ပုံအညွှန်း >> လင်းသီရွာမှ ဖမ်းဆီးခံရသူ ဒေါ်ခင်မေသန်း
RangonNewsDaily:: October. 5 .2013
သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကျေးရွာများတွင် လွန်ခဲ့သော ရက်များအတွင်း အကြမ်းဖက် မီးရှို့ ဖျက်ဆီး သတ်ဖြတ်မှုများတွင် အကြမ်းဖက်သူများကို သာမက အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ စက်တင်ဘာ ၄-ရက်နေ့မှ စတင်၍ ဖမ်းဆီးနေကြောင်း သိရပါတယ်။အောက်တိုဘာ ၄-ရက်နေ့မှစတင်ကာ လင်းသီရွာသား ကမန်တိုင်းရင်းသားတချို့ကို ရွှေလှေရဲစခန်းမှ ဖမ်းဆီးသွားကြောင်းသိရသည်။ ၎င်းရဲစခန်းမှ ဖမ်းဆီးခြင်း မပြုလို သော်လည်း ပြည်နယ်မှ အမိန့်ပေးသည့်အတွက် ဖမ်းဆီးရသည်ဆိုကြောင်း လင်းသီဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၄-ရက်နေ့က ကိုတင်နောင်ထွန်းဆိုသူ လင်းသီရွာသားအား ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄-ရက် ညနေ ၄-နာရီခန့်မှာပင် သူ၏ ဇနီးဖြစ်သူ မခင်မေသန်း ခေါ် မနီ အား ရွှေလှေရဲစခန်းမှ ဖမ်းဆီးခံခ့ရဲပါတယ်။ ဓါတ်ဆီပုလင်းတွေ့သည်ဟုဆိုကာ ကိုတင်နောင်ထွန်းအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယခုကိစ္စသည် အမှုဆင် ဖမ်းဆီးခြင်း သာဖြစ်ပြီး ဆီရောင်းသည်မှာလည်း ယခင်ကတည်းက ရောင်းချလာခြင်းဖြစ်ပြီး ယခုမှ တမင်အကြောင်းပြဖမ်းဆီးခြင်းသာ ဖြစ်တယ်လို့ လင်းသီဒေသခံက ဆိုပါတယ်။
::
“ရွှေလှေရဲစခန်းက လာဖမ်းတာ။ သူတို့ကလည်းပြောတယ်။ ငါတို့ မဖမ်းချင်ပါဘူး ဒီလောက် တရင်းတနှီးပေါင်းလာကြတာ အကြောင်းသိနေတာပဲ။

အခုက ပြည်နယ်က အမိန့်ကြောင့် ဖမ်းရတာလို့ ပြောတယ်။ ဆီရောင်းတာ အရင်ကတည်းက ရောင်းလာတာပဲဗျာ။ ဓါတ်ဆီရောင်းတဲ့အိမ်မှာ ဒီဇယ်ဆီပုလင်းလည်း ရှိချင်ရှိမှာပေါ့။ အရင်တုန်းကကျ သူတို့ပဲ ရောင်းခွင့်ပြုထားတာလေ။ အခုမှ ဆီပုလင်းတွေ့လို့ ဖမ်းတယ်ဆိုတာက သက်သက်မဲ့ အကြောင်းပြတာပါ။

မနေ့ကတော့ မနီတို့ လင်မယား ၂-ယောက်ကို ဖမ်းတယ်။ ဒီနေ့လည်း အခုလည်း ၁၁-ယောက်ကို ထပ်ပြီး ဖမ်းသွားတယ်။ ရွာထဲက ယောက်ျားလေးတွေလည်း ကစဥ့်ကလျားဖြစ်နေတယ်။ အလကားနေရင်း ဖမ်းခံနေရတယ်ဗျာ။”
::
ယနေ့ အောက်တိုဘာ ၅-ရက်နေ့တွင်လည်း လင်းသီရွာသား ကမန်တိုင်းရင်းသားများဖြစ်သည့် ကိုကို၊ တင်ရွှေ၊ မောင်တင်နု၊ ထွန်းထွန်းနိုင်၊ မျိုးမင်းသွေး၊ ရန်နိုင်၊ မိုးကြိုး၊ ကြွက်ဖြူ၊ ဆရာလေး၊ တင်လှိုင်စိုး၊ အောင်သိန်း၊ တို့ ၁၁-ဦးကို ရွှေလှေရဲစခန်းမှ ရဲအုပ် တင်မောင်လွင်မှ ထပ်မံ ဖမ်းဆီးသွားသည်ဟု သိရပြီး လင်းသီရွာမှ ကမန်အမျိုးသားများအနေဖြင့် ရွာတွင် နေထိုင်ရင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေကြောင်းသိရပါတယ်
::
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရွှေလှေရဲစခန်းသို့ တယ်လီဖုန်းဖြင့် M-Media မှ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးမှု မရှိဟု ဆိုပြီး လင်းသီရွာသားများဖမ်းဆီးမှုအား မေးမြန်းရာတွင် အလုပ်မအားလပ်၍ မဖြေနိုင်သေးပါဟုဆိုကာ ဖုန်းချသွားခဲ့ပါတယ်။

ထွန်းတောက်
M-Media ::-- , RangonNewsDaily
kolatt (Pabedan)


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment