Pages

Saturday, October 5, 2013

ပဋိပက္ခအသွင်မဆောင်စေရေး ပုသိမ်၌ အချိန်မီထိန်းသိမ်းနိုင်

RangonNewsDaily:: October. 5 .2013
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ယခုလပိုင်းများအတွင်း သာမာန်လူမှုရေးပြဿနာများကို ချဲ့ကား၍ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်စေမည့်ပြဿနာများ ဖြစ်ပွားနေသည့်အပေါ်တွင် မြို့ခံအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများအပါအ၀င် ဘာသာရေးအဖွဲ့အစည်းများမှ အဆိုပါပြဿနာများကို ညှိနှိုင်းဆောင်ရွက်၍ အချိန်မီထိန်းသိမ်းနိုင်ခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။

အောက်တိုဘာ(၃)ရက် ညနေ(၅း၀၀)နာရီခန့်က သာမာန်ပြဿနာကို ပဋိပက္ခအသွင်ဆောင်ကာ ရမ်းကားမှုများမဖြစ်ပေါ်စေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပုသိမ်မြို့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

 ပုသိမ်မြို့အမှတ်(၃)ရပ်ကွက် ကိုးသိန်းအရှေ့ရပ်နေ လယ်သူရင်းငှားလုပ်ကိုင်သူ ဦးစိန်ထွန်းနှင့် ဦးဝင်းမြင့်တို့ ညီအစ်ကိုနှစ်ဦးအား အမှတ်(၃)ရပ်ကွက် ဒုံးကွင်းရပ်နေ ကိုမင်းမင်းနှင့် ဦးဘခန်းခြံနေ ကိုမိုးဦးတို့နှစ်ဦးမှ ဘဲဝယ်ရန်ကိစ္စကို အကြောင်းပြုကာ သံတွဲမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ပြောဆို မူးယစ်ရမ်းကားသဖြင့် ပဋိပက္ခအသွင်ဆောင်သောဖြစ်ရပ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များက ပူးပေါင်း ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း ရပ်မိရပ်ဖများ၏ ပြောဆိုစည်းရုံးမှုကြောင့် ၄င်းတို့မိဘများ ကိုယ်တိုင် အမှတ်(၂) ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရှိရသည်။

အဆိုပါ မူးယစ်ရမ်းကားသူနှစ်ဦးအား ၁၉၆၁-ခုနှစ်ခံဝန်နှင့် ခြေချုပ် ဥပဒေ ပုဒ်မ၅(၁)၊ (စ)(ဆ) ဖြင့် အရေးယူ ဆောင်ရွက် နိုင်ရန် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခွင့်ပြုမိန့်တောင်းခံထားကြောင်းကိုလည်း သိရှိရသည်။

ပြဿနာတွေဖြစ်ပွားအောင် သွေးထိုးမြှောက်ပင့်ပေးနေတဲ့သူ ရှိကို ရှိနေတယ်။ သြဂုတ်လတုန်းက မင်းကြီးလမ်းက ဖြစ်စဉ်ကို ပဲ ကြည့် ရပ်ကွက်က ဘာမှမဆိုင်အိပ်နေကြတဲ့ ညဘက်ကြီးကို ဘာသာရေး ပုံစံအော်ဟစ်ဆဲဆိုပြီး ထွက်ပြေး သွားကြတာ ဒါပေ မယ့် ဒီမြို့မှာ အကုန်လုံး စည်းစည်းလုံးလုံးရှိကြတော့ ထင်တိုင်းမပေါက်ဘူးပေါ့။ 

 ဒါကအကုန်လုံးတည်ငြိမ်မှု ပျက်ပြားစေမယ့် ကိစ္စဆိုတော့ လုပ်ဆောင်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ် ဟု ပုသိမ်မြို့၌ နေထိုင်သည့် အငြိမ်းစား ကျောင်း ဆရာတစ်ဦးက ပြောသည်။

ယခုလပိုင်းအတွင်း အလားတူ ဖြစ်စဉ်များကို ရေကြည်ဦးရပ်ကွက်၌လည်းကောင်း တဂေါင်းဘုရားနှင့် ဘန့်ဘွေးကုန်းလမ်း အာရ်ရဗီစာသင်ကျောင်း၌လည်းကောင်း ၊ ပုသိမ်မြို့ကွမ်းခြံရပ်ကွက်နှင့် မင်းကြီးလမ်းရပ်ကွက်၌ လည်းကောင်း ပဋိပက္ခဖြစ်စေ မည့် အပြုအမူများ ဆောင်ရွက်ခဲ့ကြသော်လည်း တာဝန်ရှိသူများအပါအ၀င် ဘာသာရေးအဖွဲ့အစည်းများနှင့် တာဝန်သိပြည်သူ များမှ ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့မှုကြောင့် မည်သည့်ပြဿနာမှဖြစ်ပွားမှုမရှိဟု သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။

မြစ်မခမီဒီယာ ,  RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment

 
world time