![သြစတြေးလျတွင် တောမီးလောင်ကျွမ်းမှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိ
ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း အာဏာပိုင်များက သတိပေးထား
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးများ ကူးစက်လောင်ကျွမ်းလျက်ရှိရာ ထောင်နှင့်ချီသော မီးသတ်သမားများက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရသည်။ ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း အာဏာပိုင်များက သတိပေးထားသည်။ New South Wales ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုမှာ လေပြင်းတိုက်ခတ်ခြင်းနှင့် အပူရှိန် အလွန်မြင့်တက်နေမှုကြောင့် ထိန်းချုပ်ရန် ခက်ခဲနေသည်။ အဆိုပါတောမီးကြောင့် နေအိမ်အလုံးပေါင်း ၂၀၀ မှာ လောင်ကျွမ်းပြာကျခဲ့ပြီး အခြား နေအိမ်အများအပြားမှာလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဒါဇင်နှင့်ချီသော တောမီးလောင်ကျွမ်းသည့် နေရာများကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း အခြား ၅၈ နေရာတွင် တောမီးများ လောင်ကျွမ်းနေဆဲဖြစ်ပြီး ကျန်ရှိသော ၁၄ နေရာတွင် လောင်ကျွမ်းနေသည့် တောမီးကိုမူ ထိန်းချုပ်နိုင်ခြင်း မရှိဖြစ်နေသည်။ တောမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးများမှာ ဆစ်ဒနီကောင်းကင်ယံတွင် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။ ယနေ့ အခြေအနေအရ ဆစ်ဒနီမြိ့အနောက်ဘက်ရှိ Lithgow မြို့ငယ်လေးအနီး တောမီးလောင်ကျွမ်းနေမှုမှာ အဓိကစိုးရိမ်ဖွယ်ရာဖြစ်နေပြီး အဆိုပါနေရာတွင် မြေဧက ၉၉,၀၀၀ မှာ တောမီးလောင်ကျွမ်းခံခဲ့ရပြီး ဖြစ်သည်။ Lithgow အနီး လောင်ကျွမ်းနေသည့် တောမီးမှာ ပတ်ဝန်းကျင်ရှိ Bilpin, Bell, Clarence နှင့် Dargan တို့ကို ခြိမ်းခြောက်လျက်ရှိသည်။
အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် အပူရှိန်နှင့် လေပြင်းတိုက်ခိုက်မှု ပိုမိုအားကောင်းလာပြီး တောမီးလောင်ကျွမ်းမှုမှာ အနီးပတ်ဝန်းကျင်ရှိ ဗစ်တိုးရီးယားတောင်ကုန်းဒေသသို့ ကူးစက်လောင်ကျွမ်းကာ လူနေထူထပ်သော Katoomba နှင့် Leura မြို့များသို ဦးတည်နိုင်ခြေရှိသဖြင့် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။ မီးသတ်ဌာနကလည်း ဗစ်တိုးရီးယားတောင်ကုန်း တည်ရှိရာ အပြာရောင်တောင်တန်းဒေသတွင် နေထိုင်သူ ၇၆,၀၀၀ ကို ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သတိပေးထားသည်။ သြစတြေးလျတွင် ယခု ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုအတွက် အသက် ၁၁ နှစ်အရွယ် လူငယ်လေးတစ်ဦးကို စုံစမ်းမေးမြန်းလျက်ရှိသည်။ သြစတြေးလျနိုင်ငံတွင် နွေရာသီကာလဖြစ်သည့် ဒီဇင်ဘာမှ ဖေဖေါ်ဝါရီလအတွင်း တောမီးများ လောင်ကျွမ်းလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ ပုံမှန်မဟုတ်သည့် ခြောက်သွေ့မှုနှင့် အအေးဓာတ်လျော့နည်းသည့် ဆောင်းရာသီကာလကို ကြုံတွေ့နေရသည်။
>Planet Myanmar Network<](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn2/s403x403/1380232_657773914245137_528849205_n.jpg)
RangonNewsDaily:: October. 21 .2013
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးများ
ကူးစက်လောင်ကျွမ်းလျက်ရှိရာ ထောင်နှင့်ချီသော မီးသတ်သမားများက
မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရသည်။ ရာသီဥတုအခြေအနေ
ဆိုးရွားမှုကြောင့် တောမီးလောင်ကျွမ်းမှုများပိုမိုကျယ်ပြန့်စွာ
ဖြစ်ပေါ်လာနိုင်ကြောင်း
လည်း အာဏာပိုင်များက သတိပေးထားသည်။
New South Wales
ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်ကစတင်ဖြစ်ပွားခဲ့သော
တောမီးလောင်ကျွမ်းမှုမှာ
လေပြင်းတိုက်ခတ်ခြင်းနှင့် အပူရှိန်
အလွန်မြင့်တက်နေမှုကြောင့် ထိန်းချုပ်ရန် ခက်ခဲနေသည်။အဆိုပါတော
မီးကြောင့်
နေအိမ်အလုံးပေါင်း ၂၀၀ မှာ လောင်ကျွမ်းပြာကျခဲ့ပြီး အခြား
နေအိမ်အများအပြားမှာလည်း ပျက်
စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဒါဇင်နှင့်ချီသော တောမီးလောင်ကျွမ်းသည့် နေရာများကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း
အခြား ၅၈ နေရာ
တွင် တောမီးများ လောင်ကျွမ်းနေဆဲဖြစ်ပြီး ကျန်ရှိသော ၁၄
နေရာတွင် လောင်ကျွမ်းနေသည့် တောမီးကိုမူ ထိန်းချုပ်နိုင်ခြင်း
မရှိဖြစ်နေသည်။ တောမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးများမှာ
ဆစ်ဒနီကောင်း
ကင်ယံတွင် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။
ယနေ့ အခြေအနေအရ
ဆစ်ဒနီမြိ့အနောက်ဘက်ရှိ Lithgow မြို့ငယ်လေးအနီး တောမီးလောင်ကျွမ်းနေမှု
မှာ
အဓိကစိုးရိမ်ဖွယ်ရာဖြစ်နေပြီး အဆိုပါနေရာတွင် မြေဧက ၉၉,၀၀၀ မှာ
တောမီးလောင်ကျွမ်းခံခဲ့ရပြီး
ဖြစ်သည်။ Lithgow အနီး လောင်ကျွမ်းနေသည့်
တောမီးမှာ ပတ်ဝန်းကျင်ရှိ Bilpin, Bell, Clarence နှင့် Dargan တို့ကို
ခြိမ်းခြောက်လျက်ရှိသည်။
အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင်
အပူရှိန်နှင့် လေပြင်းတိုက်ခိုက်မှု ပိုမိုအားကောင်းလာပြီး
တောမီးလောင်ကျွမ်း
မှုမှာ အနီးပတ်ဝန်းကျင်ရှိ ဗစ်တိုးရီးယားတောင်ကုန်းဒေသသို့
ကူးစက်လောင်ကျွမ်းကာ လူနေထူထပ်သော Katoomba နှင့် Leura မြို့များသို
ဦးတည်နိုင်ခြေရှိသဖြင့် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။
မီးသတ်ဌာနကလည်း
ဗစ်တိုးရီးယားတောင်ကုန်း တည်ရှိရာ အပြာရောင်တောင်တန်းဒေသတွင် နေထိုင်သူ
၇၆,၀၀၀ ကို ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သတိပေးထားသည်။ သြစတြေးလျတွင် ယခု
ဖြစ်ပွားနေသော
တောမီးလောင်ကျွမ်းမှုအတွက် အသက် ၁၁ နှစ်အရွယ်
လူငယ်လေးတစ်ဦးကို စုံစမ်းမေးမြန်းလျက်ရှိသည်။
သြစတြေးလျနိုင်ငံတွင်
နွေရာသီကာလဖြစ်သည့် ဒီဇင်ဘာမှ ဖေဖေါ်ဝါရီလအတွင်း တောမီးများ
လောင်
ကျွမ်းလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ ပုံမှန်မဟုတ်သည့်
ခြောက်သွေ့မှုနှင့် အအေးဓာတ်လျော့နည်း
သည့် ဆောင်းရာသီကာလကို ကြုံတွေ့နေရသည်။
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
![]() |

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် အပူရှိန်နှင့် လေပြင်းတိုက်ခိုက်မှု ပိုမိုအားကောင်းလာပြီး တောမီးလောင်ကျွမ်း

0 comments:
Post a Comment