Pages

Monday, October 21, 2013

ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်တွင် စင်တာ ငါးခုဖွင့်ပြီး ပတ်စ်ပို့အနီပေးရန် စီစဉ်

RangonNewsDaily:: October. 21 .2013
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား များကို နိုင်ငံကူးလက်မှတ် (ပတ်စ် ပို့အနီ) ပြုလုပ်ပေး ရန် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် နေရာငါးခု တွင် ချက်ချင်းအပြီးဆောင်ရွက် ပေးနိုင်သည့် စင်တာ(One Stop Service Center)များ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း က ပြောသည်။
အောက်တိုဘာ ၁၁ရက်နှင့် ၁၂ရက်များတွင် နှစ်နိုင်ငံအစိုးရ ချင်း တွေ့ဆုံဆွေးနွေး မှု တစ်ခု ပြု လုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲကို နှစ် နိုင်ငံစလုံးမှ အလုပ်သမားဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ တက် ရောက်ခဲ့သည်ဟု ဦးတင်ဝင်းက ပြောသည်။

''လက်ရှိလေးနေရာကတော့ဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီ။ မော တောင်တစ်ခုပဲ မြန်မာဘက်က အဆင်သင့် မဖြစ်သေးလို့''ဟု ၎င်း က ဆိုသည်။
::
ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ နယ်၊ တက်ခရိုင် မဲဆောက်မြို့နယ်၊ ကန်ချနပူရီမြို့နယ်၊ ရနောင်းမြို့ နယ်တို့၌ နိုဝင်ဘာလဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

အထက်ပါနေရာများမှ ထုတ် ပေး ရန် စီစဉ်သကဲ့သို့ပင် အောက် တိုဘာ ၂၁ရက်မှစပြီး မြန်မာနိုင်ငံ မှထွက်ခွာမည့် မြန်မာအလုပ် သမားများကို ပတ်စ်ပို့အနီထုတ် ပေးတော့မည်ဖြစ်ကြာင်း ဦးတင် ဝင်းက ပြောသည်။
::
မြန်မာအလုပ်သမားများ ကို နိုင်ငံကူး လက်မှတ် ထုတ်ပေး မည့် အစီအစဉ်တွင် ပထမအဆင့် အနေဖြင့် MoU နှင့် လာသည့် အလုပ်သမားများကို နိုင်ငံကူး လက်မှတ်ထုတ်ပေးပြီး ဒုတိယ အဆင့်အနေဖြင့် ၂၀၁၄ မတ်လ တွင် ပြည်ပရှိ မြန်မာအလုပ်သမား အားလုံး ပတ်စ်ပို့အနီထုတ်ပေးရန် မူချမှတ်ထားကြောင်း ဦးတင်ဝင်း က ပြောသည်။

အဆိုပါ အချက်နှစ်ချက်အား နှစ်နိုင်ငံ နိုင်ငံအစိုးရအနေဖြင့် မူ အားဖြင့် သဘောတူထားပြီးဖြစ် ပြီး ယခုယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နေ သည့် မြန်မာအ လုပ်သမားများအနေဖြင့် ၂၀၁၄ ခုနှစ် မတ်လအထိ ကိုင်ဆောင် ထားရမည်ဖြစ်သည်ဟု ဦးတင်ဝင်း က ပြောသည်။
::
မြန်မာအစိုးရအနေဖြင့် တရားဝင် နိုင်ငံတကာ နိုင်ငံကူး လက်မှတ်ထုတ်ပေး ပါက အလုပ် သမားများအတွက် ကောင်းမွန် သည်ဟု ဆိုနိုင်သော်လည်း ထိုင်း အစိုးရဘက်မှ မည်သည့်ထုတ်ပြန် ချက်မှ မကြားသိရသေးကြောင်း Foundation for Education and Development ဒါရိုက်တာ ဒေါ်ပိုပို က ပြောသည်။
::
''နိုင်ငံကူးလက်မှတ် တရား ဝင်ထုတ်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကာကွယ်ပေးရမယ့် ကိစ္စ ရယ်၊ ပြီးတော့ သူတို့ရဲ့ ခံစားခွင့် တွေနဲ့ပတ်သက်ပြီး နည်းနည်း မေးခွန်းထုတ်စရာတော့ ဖြစ်တာ ပေါ့''ဟု ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်း လုပ်ငန်းကော်မတီ (TACDB) ဥက္ကဋ္ဌဦးမြင့်ဝေက မှတ်ချက်ပေး သည်။

YMG ::-- kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment